ဆန်းဒါးလန်းနဲ့ပွဲအတွက် လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ အသင်းကို မာရက်စ်ကာ တိုက်တွန်း
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အသင်းအနေနဲ့ လာမယ့်စနေနေ့ ဆန်းဒါးလန်းနဲ့ပွဲအတွက် လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ တိုက်တွန်းလိုက်ပါတယ်။ရာသီအစနဲ့အတူ မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက နော်တင်ဟမ်ကို ၃-၀ နဲ့အနိုင်ရပြီးနောက် ချဲလ်ဆီးဟာ ကြားရက်တုန်းက ချန်ပီယံလိဂ်မှာ အေဂျက်ကို ၅-၁ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။နောက်ဆုံး ၄ ပွဲမှာ ချဲလ်ဆီးအသင်းတိုက်စစ်က ၁၁ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ထိပ်ဆုံး ၄ သင်းနေရာကို ဆက်သွားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
“ကျွန်တော်တို့ အမြဲတမ်းတူညီတာပဲပြောပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ အဲ့တာက မှန်ပါတယ်။ ကျွန်တော်တို့ တစ်ပွဲချင်းအမြဲသွားပါတယ်။ ကျွန်တော်တို့ အဲ့တာကို အလုပ်ဆက်လုပ်ဖို့လိုအပ်ပါတယ်။ ဆန်းဒါးလန်းနဲ့ပွဲက ခက်ခဲနိုင်တယ်ဆိုတာ သိပါတယ်။ သူတို့က အကောင်းဆုံးစွမ်းဆောင်ပြနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တူညီတဲ့ရည်မှန်းချက်နဲ့အတူ ပြင်ဆင်ရပါမယ်။ ဒီပွဲကိုလည်း အနိုင်ကန်ရပါမယ်။ အဲ့နောက် ဆက်လက်စောင့်ကြည့်ရပါမယ်။ ဆန်းဒါးလန်းအသင်းဟာ ဒီရာသီအိမ်ကွင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပထမဆုံး ၈ ပွဲကနေ ၄ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ကာ အဝေးကွင်း ၂ ပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိမှာလည်း ဆန်းဒါးလန်းအသင်းဟာ ရမှတ် ၁၄ မှတ်နဲ့အတူ အဆင့် ၇ နေရာမှာ ရပ်တည်နေကာ ၆ ဂိုးသာပေးထားခဲ့ရပါတယ်။
“ချဲလ်ဆီးက အရမ်းသန်မာတဲ့အသင်းပါ။ ပရီးမီးယားလိဂ်ထိပ်တန်း ၄ သင်းထဲက ၁ သင်းပါ။ သူတို့ ပွဲ ၆၀ လောက်ကစားနိုင်ပါတယ်။ သူတို့မှာ လူအင်အားအပြည့်ရှိပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် ဥပမာကောင်းဖြစ်သလို သူတို့နည်းပြကော ကစားသမားတွေပါ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ အဲ့တာက ကြီးမားတဲ့စမ်းသပ်မှုပါ”လို့ လီဘရစ်က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။