
နောက်ခံလူသစ်ခေါ်ယူဖို့အတွက် ဘုတ်အဖွဲ့နဲ့သဘောတူညီမှုမရသေးကြောင်း မာရက်စ်ကာ အရိပ်အမြွက်ဆို
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက နောက်ခံလူ ကိုဝဲလ်ဒဏ်ရာရတာကြောင့် အစားထိုးခေါ်ယူဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။ ကိုဝဲလ်တစ်ယောက် အရွတ်ကြောဒဏ်ရာရခဲ့တာကြောင့် အခုရာသီကို လွဲချော်ဖို့များနေပြီး မာရက်စ်ကာက တာဝန်ရှိသူတွေကို နောက်ခံလူသစ်ခေါ်ယူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အီတလီသားက ခံစစ်က ဦးစားပေးဆိုတာကို သိရှိထားတာကြောင့် အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူချင်နေပါတယ်။
“ကျွန်တော်တို့ အတွင်းပိုင်းထဲမှာ အဖြေရှာဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အသင်းဘက်ကလည်း ဘာဖြစ်လဲဆိုတာကို အတိအကျသိရဖို့ လုပ်နေပါတယ်။ ဆက်လက်စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ ခံစစ်မှူးအသစ်လိုအပ်ပါတယ်။ ဒါပေမယ့် အတွင်းပိုင်းထဲမှာ ကျွန်တော်တို့ အဖြေတစ်ခုရှာနေပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပါပဲ အသင်းလိုအပ်ချက်ကို ကျွန်တော်သိပါတယ်”လို့ မာရက်စ်ကာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် နဲ့ ကလပ်ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပြီးနောက် လာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်ကစားရမှာဖြစ်ပြီး ခံစစ်က အရေးပါနေတာဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအနေနဲ့ တောင်ပံနေရာအတွက် ဂါနာချို နဲ့ လိုက်ပ်ဇစ်စတား ဇာဗီဆိုင်မွန်တို့ကို စိတ်ဝင်စားနေပါတယ်။အပြောင်းအရွှေ့ရာသီက မကြာခင်မှာပိတ်သိမ်း တော့မှာဖြစ်တာကြောင့် မာရက်စ်ကာအနေနဲ့ အလျင်အမြန်ခံစစ်မှူးခေါ်ယူဖို့ လိုအပ်နေပါတယ်။