အံ့အားသင့်စရာကောင်းတဲ့ နွေရာသီအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်
ယူကရိန်းလက်ရွေးစင်လူနင်ဟာ ၂၀၂၃-၂၄ ရာသီအများစုအတွက် ရီးရဲလ်ရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ကစားခဲ့သော်လည်း ကော်တွိုက်စ် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ဒေါ့မွန်နှင့် ကစားတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အရန်ခုံမှာ ထိုင်ခဲ့ရပါတယ်။
လူနင်ဟာ စပိန်မြို့တော်တွင် ကာလရှည်စာချုပ် ချုပ်ဆိုရန် နီးစပ်နေပြီဟု ယူဆရပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်က ပထမအသင်းပွဲထွက်မှုနှင့်ပတ်သက်ပြီး အာမခံချက်တစ်စုံတစ်ရာမပေးနိုင်တာကြောင့် အပြောင်းအရွေ့အတွက် စဉ်းစားလျက်ရှိပါတယ်။
လူနင်ကို ရီးရဲလ်မှ ထွက်ခွာခွင့်ပြုမည်ဆိုပါက ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူထားတဲ့ ကီပါနှင့် အစားထိုးသွားဖို့ရှိနေပါတယ်။
ကော်တွိုက်စ် ဒဏ်ရာရရှိချိန်မှာ ကီပါက ရီးရဲလ်သို့ အငှားဖြင့် ရောက်ရှိလာသော်လည်း အန်ဆယ်လော့တီရဲ့ နံပါတ် ၁ က လူနင်သာဖြစ်ခဲ့ပါတယ်။
AS ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ လူနင်ကို ခေါ်ယူဖို့ စဉ်းစားနေပေမယ့် ရီးရဲလ်ရဲ့ ယူရို သန်း ၃၀ တန်ကြေးကို ပေးချေဖို့ ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။ လက်ရှိ ဆွေးနွေးနေတဲ့ အခြားရွေးချယ်စရာတစ်ခုကတော့ ကီပါရဲ့ စပိန်သို့ အပြီးသတ်ပြောင်းရွှေ့မှုနှင့် လူနင်ကိုအနောက်လန်ဒန်သို့ ရောက်ရှိစေမယ့် လဲလှယ်ရေး သဘောတူညီချက်ဖြစ်ပါတယ်။
ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီက လက်စွမ်းပြသခဲ့တဲ့ လူနင်အတွက် ရီးရဲလ်က သဘောတူညီမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောင်းရွှေ့ကြေးကိုလိုချင်နေပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နှစ်ဘက်စလုံးက ဆွေးနွေးဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ ကီပါဟာ လစာလျော့ယူရသည့်တိုင် မက်ဒရစ်သို့ ပြန်သွားရန် စိတ်အားထက်သန်နေတယ်လို့ ဆိုထားပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီက ရောဘတ်ဆန်းချက်ဇ်နှင့် ဂျော်ဒီပက်ထရိုဗစ်တို့နှစ်ဦးကို ခေါ်ယူခဲ့ပြီး ဆားဘီးယားသားဟာ ပိုချက်တီနိုရဲ့ နံပါတ် ၁ ဖြစ်လာခဲ့ပါတယ်။ ဆားဘီးယားလက်ရွေးစင်ကစားသမားကို မာရက်စ်ကာရဲ့ ကစားဟန်အတွက် စိုးရိမ်မှုများရှိနေတာကြောင့် ယခုနွေရာသီတွင် ရောင်းချဖွယ်ရှိနေပါတယ်။
ပက်ထရိုဗစ်ဟာ အသေးစားဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲအတွက် အမေရိကကို သွားရောက်ခဲ့တဲ့ ချဲလ်ဆီးအသင်းလူစာရင်းကနေ ထွက်ခွာခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းဟာ အသက် ၂၂ နှစ်အရွယ်ရှိ ဗီလာရီးရဲလ်မှ ဖိလစ်ဂျော်ဂျင်ဆန်ကို ပေါင် ၁၇ သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရပါတယ်။