
အင်္ဂလန်အသင်းလူစာရင်းကနေ ကစားသမားတစ်ဦးထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ကို ကာရေဂါ ဝေဖန်
လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ရဲ့ကစားသမားတစ်ဦး ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်လိုက်ပါတယ်။
အင်္ဂလန်ဟာ ကနဦးတုန်းက ကစားသမား ၃၃ ဦးအထိ ရွေးချယ်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့မတိုင်ခင်မှာ ၇ ဦးအထိ ဖြုတ်ဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ် တစ်ယောက် တရားဝင်မကြေညာခင်မှာ ကစားသမားကောင်းတော်တော်များများ လွဲချော်နေခဲ့တာ ဖြစ်ပါတယ်။
မက်ဒီဆင်က ပထမဆုံးလွဲချော်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဲ့နောက် ကာတစ်ဂျုံးစ် ၊ ထရက်ဖို့ဒ် ၊ မက်ဂွါရီ ၊ ဂရီးလစ်ချ် ၊ ကွမ်ဆက်ချ် ၊ ဘရန်ဝိတ်တို့ အထုတ်ခံခဲ့ရပါတယ်။ ဆောက်ဂိတ်အတွက် ရွေးချယ်ရတာခက်ခဲခဲ့ပြီး မက်ဂွါရီက ဒဏ်ရာအခြေအနေကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဆိုလိုတာက ဂျွန်စတုန်း၊ ကွန်ဆာ၊ ဂူဟီ၊ ဂိုမက်ဇ်နဲ့ ဒမ့်ခ်တို့က အင်္ဂလန်အသင်းနောက်တန်းမှာ ပါဝင်လာပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းနဲ့အတူ တောက်ပလာခဲ့တဲ့ ဘရန်ဝိတ်ကို မရွေးချယ်ခဲ့တာက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ကာရေဂါကလည်း အသက် ၂၁ နှစ်သားဟာ လူစာရင်းမှာ ပါဝင်သင့်တယ်လို့ ယုံကြည်နေပါတယ်။ “အခြားသူတွေထက် ဘရန်ဝိတ်က ပါဝင်ခွင့်ရသင့်တဲ့ ကစားသမားပါ။ ဒါပေမယ့် ဆောက်ဂိတ်က သူ့ကိုမရွေးချယ်ခဲ့ပါဘူး။ သူက အင်္ဂလန်ရဲ့လက်ရှိ နဲ့ အနာဂတ်မှာ တောက်ပလာမယ့်သူပါ”လို့ ကာရေဂါက တွစ်တာမှာ ရေးသားတင်ခဲ့ပါတယ်။
ဘရန်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၃၅ ပွဲအထိ ပါဝင်ကစားခဲ့ကာ အဲဗာတန်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်အဖြစ် ဘရန်ဝိတ်ဟာ ဘော့စနီးယားကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဂူဟီအစား လူစားဝင်ခွင့်ရရှိခဲ့ပါတယ်။
အင်္ဂလန်ဟာ သောကြာနေ့ဝင်ဘာလေကွင်းမှာ အိုက်စ်လန်အသင်းနဲ့နောက်ဆုံး ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့မှာ ယူရို ၂၀၂၄ အဖွင့်ပွဲအဖြစ် ဆားဘီးယားနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။