
The network connection is lost.

ဘာစီလိုနာ ကစားသမားသစ် ကန်ဆယ်လိုက မန်စီးတီးကနေ ထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းလာခဲ့ရတာက အရဲစွန့်လာခဲ့ရတာလို့ ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီသားဟာ ဥရောပချန်ပီယံဆီကနေ လာလီဂါချန်ပီယံထံပြောင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ဇာဗီကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရာသီတုန်းက ကန်ဆယ်လိုကို အငှားခေါ်ယူချင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စီးတီးဘက်က ကန်ဆယ်လိုကို ထွက်ခွာခွင့်မပေးခဲ့တာဖြစ်ပါတယ်။
“ဆွေးနွေးမှုတွေက အနည်းငယ်ရှုပ်ထွေးပါတယ်။ ဇန်နဝါရီတုန်းက ဘာစီလိုနာက အလိုရှိခဲ့လားဆိုတာ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆီ မရောက်လာခဲ့တာကြောင့်ပါ။ ဒါပေမယ့် ဘာစီလိုနာဟာ ကျွန်တော်အမြဲကစားချင်တဲ့ အသင်းပါ။ ဘင်ဖီကာမှာ ကစားနေကတည်းက ဘာစီလိုနာမှာကစားဖို့ အိပ်မက်ရှိခဲ့တာပါ။ ကျွန်တော် ဒီမှာရှိရတာကိုပျော်ပါတယ်။ ၃ ပွဲကစားခဲ့ရပေမယ့် ကျွန်တော် နှစ်သက်ပါတယ်။ အသင်းဖော်တွေကလည်း ကျွန်တော် အလျင်အမြန်အထိုင်ကျအောင်ကူ ညီပါတယ်။ အဲ့တာက အရေးပါပါတယ်။ ကျွန်တော် ထိပ်တန်းကစားသမားတွေနဲ့ ကစားရတာပါ။ အဲ့တာက ကျွန်တော့်အတွက် ပိုလွယ်ကူစေပါတယ်”လို့ ကန်ဆယ်လိုက ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်သားက သူ့အနေနဲ့ အရဲစွန့်ရတာကို ဝါသနာပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ “မှန်ပါတယ်။ အဲ့တာက အရဲစွန့်တာပါ။ ဒါပေမယ့် ကျွန်တော့်ဘဝက အမြဲတမ်းအရဲစွန့်ရလေ့ရှိပါတယ်။ ကျွန်တော်ကလည်း အရဲစွန့်ရတာကို ကြိုက်ပါတယ်။ စီးတီးမှာရှိတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ သူတို့နဲ့ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်တော်ဖီဖာမှာ ပါဝင်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ စီးတီးအသင်းဖော်တွေ ၊ နည်းပြ ဂွါဒီယိုလာ နဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ သူတို့မှာ တောင့်တင်းတဲ့ လူအင်အားရှိသလို အရမ်းလည်းစည်းလုံးကြပါတယ်။ ဘာစီလိုနာကိုလာရတာက အရဲစွန့်ရတာပါ။ ဒါပေမယ့် ဘာစီလိုနာလိုအသင်းမျိုးမှာ ကစားခွင့်ရဖို့ဆိုတာကလည်း အခွင့်အရေးတစ်ရပ်ပါ”လို့ ကန်ဆယ်လိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာနဲ့ ကန်ဆယ်လိုတို့ကြား ပြဿနာတက်ခဲ့တာကြောင့် အခုလို အသင်းပြောင်းခဲ့ရတဲ့အထိ ဖြစ်လာခဲ့တာကို သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။