
ဘာစီလိုနာအတွက် ပထမဆုံးဂိုးက သွင်းယူပေးခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ မိခင်ကို ရည်ညွှန်းပြီး အောင်ပွဲခံခဲ့တဲ့ ကန်ဆယ်လို
ဘာစီလိုနာအတွက် ပထမဆုံးသွင်းဂိုး သွင်းယူခဲ့ပြီးနောက် ကန်ဆယ်လိုဟာ ၂၀၁၃ ခုနှစ်တွင် ကားမတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့တဲ့ မိခင်ဖြစ်သူကို ရည်ညွှန်းပြီး အောင်ပွဲခံခဲ့ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်တွင် မန်စီးတီးမှ ဘာစီလိုနာသို့ အငှားဖြင့်ရောက်ရှိခဲ့တဲ့ ကန်ဆယ်လိုဟာ စနေနေ့က ရီးရဲလ်ဘက်တစ်နှင့် ပွဲတွင် ဘာစီလိုနာအတွက် ဒုတိယမြောက်ပွဲကိုကစားခဲ့ပြီး ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးတွင် ကန်ဆယ်လိုဟာ အောင်ပွဲခံနေရင်း ကောင်းကင်သို့ လက်ညိုးထိုးပြနေသည့် ဓာတ်ပုံကိုပို့စ်တင်ကာ "အမေ့အတွက် အမြဲတမ်းပါပဲ" လို့ အဓိပ္ပါယ်ရတဲ့ စာကို ရေးသားခဲ့ပါတယ်။ ကန်ဆယ်လို့ရဲ့ မိခင် ဖီလိုမိနာဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတုန်းက ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူထားတဲ့ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ဟာ ဘာစီလိုနာရဲ့ ရီးရဲလ်ဘက်တစ်အား ၅-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ ဖာရန်တောရက်စ်ဟာလည်း ဖရီးကစ်ကနေတိုက်ရိုက် ဂိုးသွင်းယူနိုင်ပြီး ၂၀၂၁ ခုနှစ်မှာသွင်းယူခဲ့တဲ့ မက်ဆီနောက်ပိုင်း ပထမဆုံး ဘာစီလိုနာကစားသမားဖြစ်လာခဲ့ပါတယ်။ ဇာဗီရဲ့ အသင်းဟာ အင်္ဂါနေ့မှာ အန့်ဝပ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။