The network connection is lost.

Banner Image

ဝီလ်ဆင်ထွက်ခွာမယ်လို့ အတည်ပြုလာတဲ့ နယူးကာဆယ်

စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် တိုက်စစ်မှူး ဝီလ်ဆင်တစ်ယောက် အသင်းကနေထွက်ခွာမယ်လို့ အတည်ပြုလိုက်ပါတယ်။

အဆိုပါသတင်းကို နယူးကာဆယ်ဘက်က အတည်ပြုခဲ့တာဖြစ်ပြီး ဝီလ်ဆင်ဟာ ၂၀၂၀ တုန်းက ပေါင်သန်း ၂၀ နဲ့ ဘုန်းမောက်အသင်းထံကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အတွက် ဝီလ်ဆင်တစ်ယောက် ပွဲ ၁၃၀ ပါဝင်ကစားခဲ့ကာ ၄၉ ဂိုးသွင်း ၊ ၁၁ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက တစ်ဂိုးမှမသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဝီလ်ဆင်အနေနဲ့ အသင်းသစ်ရှာဖွေနေပြီး လိဒ်ယူနိုက်တက် နဲ့ ဘန်လေတို့က ချိတ်ဆက်နေပါတယ်။ ၂ သင်းစလုံးက ပရီးမီးယားလိဂ်ကိုတန်းတက်လာတာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေပါတယ်။ နယူးကာဆယ်ဘက်က ဝီလ်ဆင်ရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါတယ်။ 

“ဝီလ်ဆင်တစ်ယောက် အသင်းအတွက် ၅ ရာသီကစားပေးပြီးနောက် ထွက်ခွာတော့မှာပါ။ ၂၀၂၀ ဝက်စ်ဟမ်းနဲ့ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ပြီးကတည်းက ကျောနံပတ် ၉ ကိုဝတ်ဆင်ပြီး အသင်းအတွက် အများကြီးအကျိုးပြုခဲ့ပါတယ်။ သူလုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်နေမှာပါ။ အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ နယူးကာဆယ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဝီလ်ဆင်ဟာ ရာသီသစ်မတိုင်ခင် အသင်းသစ်ရှာဖွေရမှာဖြစ်ပြီး နယူးကာဆယ်က ဇူလိုင် ၁၉ ရက်နေ့မှာ ဆဲလ်တစ်နဲ့ ခြေစမ်းပွဲကန်မှာဖြစ်ပါတယ်။