The network connection is lost.

Banner Image

မာဂယ်ဟေးစ် ဒဏ်ရာရခဲ့တဲ့အတွက် အာဆင်နယ်ကို တောင်းပန်လိုက်တဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက စနေနေ့က ဆီနီဂေါကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ခံလူ ဂါဘရီယယ်မာဂယ်ဟေးစ် ဒဏ်ရာရရှိခဲ့တဲ့အတွက် အာဆင်နယ်အသင်းကို တောင်းပန်လိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ခံစစ်မှူးဟာ ပွဲချိန် ၆၄ မိနစ်မှာ ပေါင်ခြံဒဏ်ရာရခဲ့ပုံပေါ်ပြီး ကွင်းထဲကနေ ထွက်ခွာချိန်မှာ သိသိသာသာ ပေါက်ကွဲနေခဲ့ပါတယ်။ မာဂယ်ဟေးစ်ဟာ အာဆင်နယ်ရဲ့ ရာသီအစမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ အဓိကကစားသမားဖြစ်ပြီး အခုတော့ နည်းပြ မီကယ်လ် အာတီတာအတွက် သတင်းဆိုးတစ်ခုဖြစ်သွားခဲ့ပါတယ်။

ဂါဘရီယယ်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အန်ဆယ်လော့တီက "ဆိုးလား? ကျွန်တော်မသိဘူး။ သူ့ရဲ့ ပေါင်ခြံမှာ ပြဿနာရှိတယ်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ မနက်ဖြန်စစ်ဆေးရပါမယ်။ ဒီပြဿနာအတွက် ကျွန်တော်တို့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကစားသမားတွေ ဒဏ်ရာရတဲ့အခါ ကျွန်တော်တို့ တကယ်စိတ်ပျက်ရတယ်။ သူတို့ အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲတွေအပြီး ပထမဆုံးပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။