The network connection is lost.

Banner Image

လီဝန်ဒေါစကီးကို ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ဖို့ ဒေါက်ဂလပ်စ်ကော်စတာ ထောက်ခံအားပေး

ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူမယ်ဆိုရင် ဒေါက်ဂလပ်စ်ကော်စတာကတော့ အရမ်းကို ဝမ်းသာမှာပါ။

ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီဝန်ဒေါစကီးဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အထွေထွေမန်နေဂျာ ဒါမီယန် ကိုမိုလီ အလိုရှိနေတဲ့ ပစ်မှတ်တစ်ခုလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ကွင်းလယ်လူဟောင်း ဒေါက်ဂလပ်စ်ကော်စတာဟာ ဘိုင်ယန်မြူးနစ်မှာ လီဝန်ဒေါစကီးနဲ့အတူ တွဲကစားခဲ့ဖူးသူဖြစ်ပြီး Tuttosport သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "ရောဘတ်က နည်းမျိုးစုံနဲ့ ဂိုးသွင်းနိုင်တဲ့သူပါ။"

"သူက ဂျူဗင်တပ်စ်နဲ့ အံဝင်ခွင်ကျဖြစ်မှာပါ။ သူ့ကို အဖြူအမည်းဝတ်စုံ (ဂျူဗင်တပ်စ်ဂျာစီ) ကို တစ်သက်လုံး ဝတ်ဆင်သွားဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ သူက ဘယ်နေရာမှာမဆို ဂိုးသွင်းနိုင်ပြီး နောက်ထပ် နှစ်အတော်ကြာအောင်လည်း ဂိုးတွေ ဆက်သွင်းနေဦးမှာပါ။ သူဟာ ဘီယန်ကိုနေးရီ (ဂျူဗင်တပ်စ်) အတွက် အကောင်းဆုံး ဖြစ်လာမှာပါ" လို့ ဆိုပါတယ်။

လက်ရှိမှာ စီးရီးဒီကလပ် ချီယေဗိုအသင်းမှာ ကစားနေတဲ့ ဒေါက်ဂလပ်စ်ကော်စတာကပဲ "ဒါပေမဲ့ သူတို့ဆီမှာ (ဂျူဗင်တပ်စ်) အခုလည်း ရှေ့တန်းမှာ အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ရှိနေပြီးသားပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

"သူက ပိုပြီး ရင့်ကျက်လာနိုင်သေးတယ်၊ အသက်အရွယ်ကလည်း အနေတော်ပါပဲ။ သူသာ ခြေစွမ်းအကောင်းဆုံးပုံစံကို ပြန်ရောက်လာမယ်ဆိုရင် အဆင့် ၄ အတွက် အားပြိုင်မှုမှာ အရေးပါလာမှာပါ။ ဂျူဗင်တပ်စ်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ခေါ်ဆောင်သွားနိုင်ဖို့ သူ့မှာ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိပါတယ်" လို့လည်း ပြောဆိုခဲ့ပါတယ်။