The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားက ငွေကြေးတန်ဖိုးထက် ပိုမိုတန်ဖိုးရှိတယ်လို့ ရှုမြင်နေတဲ့ ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ်

ဘိုင်ယန်မြူးနစ် အမှုဆောင်အရာရှိချုပ် ဂျန်-ခရစ်ရှန် ဒရီးဆန် က ကလပ်ကမ္ဘာ့ဖလားဟာ ပြိုင်ပွဲရဲ့ ငွေကြေးဆိုင်ရာ ရှုထောင့်ထက် ပိုမို၍ တန်ဖိုးရှိသည်ဟု ယူဆနေပါတယ်။ "ကျွန်တော် ငွေကြေးရှုထောင့်နဲ့ စတင်မှာမဟုတ်ဘူး၊ ပြိုင်ပွဲရဲ့ အရေးပါမှုနဲ့ စတင်ပါမယ်။ ဒါက ဒီပုံစံနဲ့ ပထမဆုံး ပြိုင်ပွဲပါပဲ။ ပထမဆုံး စစ်မှန်တဲ့ ကလပ်ကမ္ဘာ့ဖလားပါပဲ။ ဒီနေ့အထိ ဥရုဂွေးက ပထမဆုံး ကမ္ဘာ့ချန်ပီယံဆိုတာ လူတိုင်းသိပါတယ်"

"ဒီကလပ်ကမ္ဘာ့ဖလားက တည်မြဲနေမယ့် အရာတစ်ခုပါ။ တစ်ခါတည်းနဲ့ ပြီးသွားမယ့်ဟာမျိုး မဟုတ်ဘူး။ ဒီရှုထောင့်ကနေကြည့်ရင် ဒါက ကြီးမားတဲ့ အားကစားဆွဲဆောင်မှု ရှိပါတယ်။ ပြီးတော့ ကြီးမားတဲ့ အံ့အားသင့်စရာတွေမှာ ဒါကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။မန်စီးတီးက အယ်လ်ဟီလာကို ရှုံးနိမ့်ခဲ့မယ်လို့ ဘယ်သူ ထင်ထားမလဲ။ ဘယ်သူမှ မထင်ထားဘူး။ အင်တာမီလန်လည်း ပြိုင်ပွဲမှာ မရှိတော့ဘူး။ ပြီးတော့ ကျွန်တော် တကယ်မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတချို့လည်း ရှိပါတယ်"

"ဒီရှုထောင့်ကနေကြည့်ရင် ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက်ရော ဗင်းဆင့် ကွန်ပနီအတွက်ပါ အရေးကြီးပါတယ် သူလည်း အကြိမ်ပေါင်းများစွာ ပြောထားခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားနေပါတယ်၊ အသင်းက အပြည့်အဝ အာရုံစိုက်ထားပါတယ်။ သူတို့ ဒီပြိုင်ပွဲကို အနိုင်ရချင်တဲ့အတွက် ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းမှာ ကြိုးစားအားထုတ်နေကြပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ ငွေကြေးဆိုင်ရာ အစိတ်အပိုင်းလည်း ပါဝင်တာကတော့ သဘာဝပါပဲ"

"ဒါက ပါဝင်သူအားလုံးအတွက် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ဆုကြေးငွေနဲ့ လာပါတယ်။ ဒီရှုထောင့်ကနေကြည့်ရင် အဲဒါက သဘာဝအတိုင်း အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးက အားကစားပိုင်းပါ။ ဒါက ကျွန်တော်တို့ အမေရိကန်မှာရှိတဲ့ ကျွန်တော်တို့အဖွဲ့နဲ့အတူ ဘောလုံးကို အာရုံစိုက်နေရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော်တို့အတွက် နွေရာသီခရီးစဉ် ဒါမှမဟုတ် စျေးကွက်ရှာဖွေရေးခရီးစဉ် မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် ဒါက ပြိုင်ပွဲတစ်ခု အနိုင်ရချင်တဲ့ ခရီးစဉ်တစ်ခုပါပဲ" လို့ ဒရီးဆန်က Sky Germany သို့ ပြောကြားခဲ့ပါတယ်။

ဒရီးဆန်က ကလပ်ကမ္ဘာ့ဖလားကို ငွေကြေးဆိုင်ရာ ရှုထောင့်ဖြင့် ရှုမြင်ရန် မလိုလားခဲ့နိုင်သော်လည်း ဒါဟာ ရှောင်လွှဲ၍မရနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတဘ်။ ယခုနွေရာသီတွင် ထိုပြိုင်ပွဲမရှိဘဲ ကလပ်များဟာ သန်းပေါင်းများစွာသော ငွေများကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကြီး ဆက်ရှိနေသရွေ့ အခုလိုပြိုင်ပွဲဟာ ကလပ်အများစုရဲ့ ပန်းတိုင်တစ်ခု ဖြစ်လာမယ်လို့ ယူဆမယ်ဆို မှန်ကန်ပါတယ်။