The network connection is lost.

Banner Image

အလိုင်ယန့်ဇ်အရီနာကွင်းဆိုတာ အနိုင်ယူဖို့ ခက်ခဲတဲ့နေရာတစ်ခုပါလို့ ဆိုလိုက်တဲ့ ဘိုင်ယန်မြူးနစ်အကြီးအကဲ

ဘိုင်ယန်မြူးနစ်အသင်းစီအီးအိုဒရီဆင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ရေး ပထမအကျော့ရလဒ်ကို အိမ်ကွင်းမှာ ပြန်တွန်းလှန်နိုင်ဖို့အတွက် ပရိသတ်တွေ အစွမ်းကုန်အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့၊ အလိုင်းယန့်ဇ်အရီနာကွင်းကြီးထဲမှာ ကစားမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပထမအကျော့၊ ၅-၄ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်မှုကို ပြန်လည်ချေပနိုင်ဖို့ ကြိုးစားသွားရပါမယ်။ ဒါကြောင့် ဒရီဆင်ကတော့ အမှတ်ရစရာဥရောပညချမ်းတစ်ခု ဖြစ်လာစေဖို့ ပရိသတ်တွေကို တစ်ဖက်တစ်လမ်းမှ ပါဝင်ပေးဖို့ တောင်းဆိုထားပါတယ်။

"ဗုဒ္ဓဟူးနေ့မှာ ပရိသတ်အားလုံးရဲ့အသံကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ရာနှုန်းပြည့် ဘိုင်ယန်မြူးနစ်ပဲဆိုတဲ့ ‘Mia san Mia’ စိတ်ဓာတ်တွေ၊ ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်မိသားစုရဲ့ စည်းလုံးမှုတွေနဲ့ အနီရောင်ဝတ်ဆင်ထားတဲ့ ပရိသတ်တွေ အများကြီးကို ကွင်းထဲမှာ မြင်တွေ့ချင်ပါတယ်။ ပထမအကျော့တုန်းက ၅-၂ ဂိုးမှ ၅-၄ ဂိုးအထိ ပြန်လိုက်နိုင်ခဲ့တာကို ကြည့်ရင် အခက်အခဲတွေကြားမှ အသင်းသားတွေ ဘယ်လိုရုန်းထွက်နိုင်လဲဆိုတာ ပြသခဲ့ပြီးသားပါ" လို့ အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အင်တာဗျူးအတွင်း ဒရီဆင်က ပြောကြားခဲ့ပါတယ်။

"အလိုင်းယန့်ဇ်အရီနာကွင်းဆိုတာ ပြိုင်ဘက်တွေအတွက် ကျော်ဖြတ်ဖို့ တကယ်ကိုခက်ခဲတဲ့နေရာတစ်ခုဖြစ်ပြီး ဒါကိုပဲ ပွဲစကတည်းက ပီအက်စ်ဂျီအသင်း ခံစားမိသွားအောင် လုပ်ရပါမယ်။ အခုက ခရီးတစ်ဝက်ပဲ ရှိပါသေးတယ်။ အခု ကျွန်တော်တို့ အားလုံးစုပေါင်းပြီး မြူးနစ်မှာ ကောင်းမွန်တဲ့ ဥရောပညချမ်းတစ်ခုကို ဖန်တီးကြရအောင်" လို့လည်း သူက ဆိုပါတယ်။