The network connection is lost.

Banner Image

ကျောဒဏ်ရာခွဲစိတ်ကုသမှုခံယူပြီး သုံးလခန့်အနားယူရမယ့် တာစတီဂန်

ဘာစီလိုနာကပ္ပတိန်နဲ့ ဂျာမနီလက်ရွေးစင်ဂိုးသမားတာစတီဂန်က နောက်ကျောဒဏ်ရာခွဲစိတ်မှုမှ ပြန်လည်သက်သာလာဖို့အတွက် သုံးလခန့်အနားယူသွားရမယ်လို့ ယမန်နေ့(ကြာသပတေးနေ့)မှာ Instagram လူမှုကွန်ရက်မှတဆင့် ကြေညာခဲ့ပါတယ်။အသက်-၃၃ နှစ်အရွယ်ဂိုးသမားက ပြီးခဲ့တဲ့နှစ်အတွင်း ဒူးဒဏ်ရာရရှိပြီးနောက် ခုနစ်လကြာအနားယူရကာ မေလ၊ ပွဲစဉ်တွေဆီ ပြန်မလာခင် ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။ အတိတ်မှာလည်း သူက နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ဖူးပြီး နှစ်လကျော်ကြာ အနားယူခဲ့ရပါတယ်။

“ အခုတခေါက်တော့ မလိုလားအပ်တဲ့အန္တရာယ်တွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်မှုအဖြစ် သုံးလလောက် မဖြစ်မနေအနားယူသွားဖို့ လိုအပ်လိမ့်မယ်လို့ ဆရာဝန်တွေက ယုံကြည်နေပါတယ်”လို့ တာစတီဂန်က ဆိုပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ဘာစီလိုနာဆီ ပြောင်းရွှေ့လာပြီးနောက် တာစတီဂန်က ကလပ်အသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။

တာစတီဂန်က “ ဒီကာလတွေအတွင်း အသင်းကို မကူညီပေးနိုင်လို့ စိတ်ပိုင်းဆိုင်ရာအရ အလွန်နာကျင်မိပါတယ်။ ကံကောင်းစွာနဲ့ပဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲနိုင်ပြီး ပြန်လာနိုင်မယ်ဆိုတာလည်း ရှင်းလင်းသေချာနေပါတယ်”လို့ ဆက်ပြောပါတယ်။