
လီဗာပူးနောက်ခံလူကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ ပီအက်စ်ဂျီ
သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီမှာ လီဗာပူးနောက်ခံလူ ကိုနာတေးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
အင်းနရစ်က အသက် ၂၅ နှစ်သားကို နောက်တန်းနေရာမှာ မာကွင်ဟို့စ်နဲ့ တွဲဖက်ပေးဖို့ အလိုရှိနေပါတယ်။ ကိုနာတေးကိုယ်တိုင်ကလည်း သူမွေးဖွားခဲ့တဲ့မြို့ကိုပြန်လည်ပြောင်းရွှေ့လာနိုင်ချေရှိတယ်လို့ ယုံကြည်ရတာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းရဲ့အခြေအနေတွေအပေါ်မှာ မူတည်နေတာကြောင့် ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လီဗာပူး နဲ့ ကိုနာတေးတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာကျန်တော့တာဖြစ်ပြီး ပထမဆုံးစာချုပ်သစ်ကမ်းလှမ်းမှုကို ကစားသမားဘက်က ပယ်ချထားခဲ့ပါတယ်။
၂၀၂၁ အသင်းကိုပြောင်းလာပြီးကတည်းက သူ့ရဲ့ဒဏ်ရာပြဿနာတွေက ပရီးမီးယားလိဂ် ၁ ရာသီကို ၂၂ ပွဲထက်ပိုမကစားနိုင်တာဖြစ်ပါတယ်။
ပီအက်စ်ဂျီဘက်က ကစားသမားအခြေအနေကို စောင့်ကြည့်နေပြီး လာမယ့်နွေမှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။
တကယ်လို့ လီဗာပူးအနေနဲ့ ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ရင်တော့ ကိုနာတေးတစ်ယောက် အသင်းမှာဆက်နေဖို့များနေပါတယ်။