The network connection is lost.

Banner Image

လာမာစီယာအကယ်ဒမီထုတ်ကုန်တွေကို နေရာပေးသွားဖို့ စဉ်းစားနေတဲ့ ဟန်စီဖလစ်ခ်

ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ကစားရမယ့် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအကယ်ဒမီကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူစာရင်းတစ်ခုကို အသုံးပြုသွားနိုင်တယ်လို့ နည်းပြဟန်စီဖလစ်ခ်က ဝန်ခံပြောဆိုလိုက်ပါတယ်။

အခုသီတင်းပတ်အစောပိုင်း၊ အက်စ်ပန်ညိုကို နှစ်ဂိုးပြတ်အနိုင်ယူပြီးနောက် ဘာစီလိုနာက အသင်းအတွက် ၂၈ ကြိမ်မြောက်လာလီဂါချန်ပီယံဆုကို သိမ်းပိုက်ပြီး ပြည်တွင်းဆုဖလားသုံးလုံးအောင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ လက်ကျန်နှစ်ပွဲရှိနေသေးချိန်မှာပဲ လိဂ်ချန်ပီယံဖြစ်လာပြီးနောက် ဟန်စီဖလစ်ခ်က စီနီယာကစားသမားအချို့ကို အနားပေးပြီး လူငယ်တွေအတွက် အခွင့်အရေးပေးသွားဖို့ စဉ်းစားလာပါတယ်။ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မတိုင်ခင် ဂျာမန်လူမျိုးနည်းပြက ကလပ်အသင်းရဲ့ထုတ်ကုန်ကစားသမားတွေနဲ့ ပွဲထွက်လူစာရင်းတစ်ခုကို ဖန်တီးသွားဖို့ စဉ်းစားနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဘာစီလိုနာနည်းပြက “ ဒီကိစ္စကို ကျွန်တော်တို့ဆွေးနွေးခဲ့တာ မှန်ပါတယ်။ ဒါက ရွေးချယ်ခွင့်တစ်ခုပါ။ ဒါပေမယ့် အခုထိတော့ ကျွန်တော်တို့ ဘာကိုမှမဆုံးဖြတ်ရသေးပါဘူး”လို့ ပြောပါတယ်။ အခုသီတင်းပတ်ကုန်၊ ဗီလာရီးရဲလ်နဲ့ယှဉ်ပြိုင်ကစားပြီးနောက် ဘာစီလိုနာက ရာသီပိတ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲသွားရပါလိမ့်မယ်။