The network connection is lost.

Banner Image

ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အသာရနိုင်တယ်လို့ ယူဆထားတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က သူ့ရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်ထက် တစ်ရက်ပိုပြီး အနားရသွားမှာဖြစ်လို့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာ အသာရသွားနိုင်တယ်လို့ ယူဆကြောင်း ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ မာယော့ကာကို ၁-၀ နဲ့အနိုင်ရခဲ့ပြီး လာလီဂါအမှတ်ပေးဇယားကို ၇ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကြာသပတေးနေ့နံနက်မှာ ရီးရဲလ်မက်ဒရစ်က ဂီတာဖေးနဲ့ လာလီဂါပွဲစဉ်ယှဉ်ပြိုင်သွားရမှာဖြစ်လို့ အနိုင်ရခဲ့ပါက ရမှတ် ၄ မှတ်သာ ကွာဟသွားမှာဖြစ်ပါတယ်။ 

ယခု မာယော့ကာနဲ့ပွဲစဉ်မှာ ဘာစီလိုနာဟာ ဂိုးပေါက်ကန်သွင်းချက် စံချိန်တင်ခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာရရှိခဲ့ပြီး ကွင်းလယ်လူ ဒန်နီအိုလ်မိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဟန်ဆီဖလစ်က "ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကိုကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဂိုးသွင်းဖို့ အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဂိုးသမားက အရမ်းကောင်းခဲ့ပါတယ်။ ပြီးတော့ နောက်တန်းကစားသမားတွေရောပေါ့။ ဘာပဲဖြစ်ဖြစ် ယေဘုယျအားဖြင့်တော့ ပြီးခဲ့တဲ့ပွဲကထက် ဒီပွဲမှာ အမှားနည်းခဲ့လို့ ကျွန်တော်ကျေနပ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ပီဒရီနဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အိုလ်မိုကိုလည်း ဖလစ်က ချီးကျူးစကားဆိုခဲ့ပါတယ်။ ဂျာမန်သားနည်းပြက "ပီဒရီက ထိပ်တန်းခြေစွမ်းပိုင်ရှင်ဖြစ်နေပါပြီ။ ဘောလုံးမရှိတဲ့အချိန်မှာလည်း သူ့ရဲ့နေရာယူပုံတွေ ခံစစ်ကစားပုံတွေက အရမ်းကောင်းပါတယ်။ အိုလ်မိုကလည်း အသင်းကိုရောက်လာပြီးနောက်မှာ ကစားသမားတွေနဲ့ လျင်လျင်မြန်မြန်ပဲ ချိတ်ဆက်နိုင်ခဲ့ပြီး ဂိုးတွေရလာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကိုပါဒယ်ရေးဗိုလ်လုပွဲမတိုင်မီ ရီးရဲလ်မက်ဒရစ်ထက် တစ်ရက်ပိုအနားရသွားမှာဖြစ်လို့ အခုလို အနားရခြင်းက အသင်းအတွက် အားသာချက်ဖြစ်လာနိုင်သလားလို့ မေးမြန်းခဲ့ရာ ဖလစ်က "ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကလည်း ပွဲတွေအများကြီးကစားရတဲ့အသင်းပါ။ ရီးရဲလ်မက်ဒရစ်ကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းကြီးတစ်သင်းပါပဲ။ အန်ဆယ်လော့တီက လူကြီးလူကောင်းတစ်ယောက်ပါ။ သူ့ကို ကျွန်တော်အရမ်းလေးစားပါတယ်။တနင်္ဂနွေနေ့မှာ သူနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။ သူနဲ့ဆုံတွေ့ရတာက ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။