ချဲလ်ဆီးကစားသမားဟောင်းကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ကို စဉ်းစားနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ရာသီသစ်မတိုင်မီ ပရီးမီးယားလိဂ် ၂ ကြိမ်ရရှိထားတဲ့ ချဲလ်ဆီးအိုင်ကွန် ကစားသမား ကန်တေကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ ရှိနေပါတယ်။ ဘာစီလိုနာ နည်းပြချုပ်အသစ် ဟန်ဆီဖလစ်ဟာ ကွင်းလယ်ရွေးချယ်မှုများကို အားကောင်းလာစေရန်အတွက် ကစားသမား ရှာဖွေနေသော်လည်း လျှော့စျေးဖြင့်သာ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သတင်းများကဖော်ပြထားပါတယ်။
ပြင်သစ်လက်ရွေးစင်နှင့် ကမ္ဘာ့ဖလားဆုရှင်ဟာ သူ့ရဲ့ကွင်းလယ်ခံစစ်အတွက် အကောင်းဆုံးဖြေရှင်းချက်ဖြစ်နိုင်ကြောင်း Flick က ယုံကြည်နေကာ အငှားဖြင့်သာ ဦးစားပေး ခေါ်ယူသွားဖို့ရှိနေပါတယ်။ ဘာစီလိုနာ အားကစားဒါရိုက်တာ ဒေကိုဟာ ကန်တေကို ရာသီသစ်မစတင်မီ စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းနေဖွယ်ရှိနေပါတယ်။
နီကိုဝီလျံနှင့် ဒန်နီအိုလ်မိုတို့ကို သြဂုတ်လ လာလီဂါမစတင်မီ ကလပ်အသင်းသို့ ရောက်ရှိလာနိုင်တာကြောင့် ဘာစီလိုနာတွင် ယခုအချိန်အထိ အလုပ်များနေတဲ့ နွေရာသီတွင် လှုပ်ရှားမှုများ ရှိနေပါတယ်။ လက်ရှိမှာ ကောလာဟလထွက်နေတာက လက်စတာနဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ကန်တေပဲ ဖြစ်ပါတယ်။
ကန်တေဟာ ချဲလ်ဆီးမှာ ၇ ရာသီကြာကစားပြီးနောက် ပြီးခဲ့တဲ့နွေရာသီကမှ ထွက်ခွာခဲ့ပြီး ဆော်ဒီကလပ်ဖြစ်တဲ့ အယ်လ်အီတီဟက်မှာ ကစားနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးတွင် ရှိစဉ်ကတည်းက ပြင်သစ်ကစားသမားနှင့် အဆက်မပြတ်ချိတ်ဆက်နေသော်လည်း ပြီးခဲ့တဲ့နွေရာသီတွင် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့သွားခဲ့တဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အယ်လ်အီတီဟတ်ဟာ ယခုနွေရာသီတွင် အသက် ၃၃ နှစ်အရွယ် ကန်တီကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုနေတဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယခုနွေရာသီတွင် ရောင်းထုတ်ရန် ဆန္ဒမရှိကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ကန်တေဟာ ၂၀၁၅-၁၆ ရာသီမှာ လက်စတာ၊ ၂၀၁၆-၁၇ ရာသီမှာ ချဲလ်ဆီးနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို နှစ်ရာသီဆက်တိုက်ရရှိခဲ့ပြီး ၁၉၉၂ နှင့် ၁၉၉၃ ခုနှစ်က အဲရစ်ကန်တိုနာနောက်ပိုင်း ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်တွင် ရှိခဲ့တဲ့ ၇ ရာသီအတွင်း အဓိကဆုဖလားများ ရရှိခဲ့သလို လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့ သမိုင်းကြောင်းကို ပုံဖော်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးတွင် တစ်ဦးချင်းဆုများအဖြစ် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား၊ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆု၊ FWA ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားနှင့် ချဲလ်ဆီးကစားသမားများမှ မဲပေးရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကို ရရှိခဲ့ကာ အနောက်လန်ဒန်ကလပ်ရဲ့ ၂၀၁၆-၁၇ ရာသီ လိဂ်ဖလားရခဲ့မှုတွင် သူ့ရဲ့စွမ်းဆောင်ရည်များက အဓိကကျခဲ့ပါတယ်။
သူဟာ ၂၀၁၇-၁၈ ရာသီတွင် ချဲလ်ဆီးရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအပြင် ၂၀၁၇ အတွက် ပြင်သစ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုနှင့် ၂၀၁၈ ကမ္ဘာ့ဖလားဆုတို့ကိုပါ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။