The network connection is lost.

Banner Image

လီဗာပူးကိုအရေးနိမ့်ပြီးနောက် သူ့ရဲ့ခံစားချက်ကိုထုတ်ဖော်ပြောကြားလာတဲ့ တီကိုစတား

အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ လော်ရန်တေးက လီဗာပူးကို ၃-၂ နဲ့ အရေးနိမ့်ပြီးနောက် သူ့ရဲ့စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။လော်ရန်တေးက အသင်းအနေနဲ့ ခံစစ်ပိုအားစိုက်ဖို့ လိုအပ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ဆိုးဝါးတဲ့ခံစစ်စွမ်းဆောင်ရည်ကြောင့် အရေးနိမ့်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ပထမ ၁၀ မိနစ်အတွင်းမှာတင် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တီကိုအသင်းအတွက် ချေပဂိုးတွေကို လော်ရန်တေးကပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လော်ရန်တေးရဲ့အားထုတ်မှုက မလုံလောက်ခဲ့ပဲ အချိန်ပိုမှာ လီဗာပူးအသင်းအတွက်အဖိုးတန်အနိုင်ဂိုးကို ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

“အဲ့အရေးနိမ့်မှုက ရှက်စရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယုံကြည်မှု ကို မရပ်တန့်ခဲ့လို့ပါ။ ကျွန်တော်တို့ အဆုံးသတ်မတိုင်ခင်အထိ ကြိုးစားခဲ့ပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်သလို အိမ်ကွင်းမှာကစားခဲ့ရတာပါ။ကျွန်တော်တို့ ထောင့်ကန်ဘောကနေ အရေးနိမ့်ခဲ့တာပါ။ ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် လိုချင်တဲ့ရလဒ်တော့ မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ပွဲက တော်တော်လေးခက်ခဲခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့  အတူတူသာဆိုရင် ဘယ်အသင်းကိုမဆို ရင်ဆိုင်နိုင်ပါတယ်။ ဒီနေ့မှာလည်း အဲ့တာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘာမှထည့်မတွက်ထားပါဘူး။ လာမယ့်ပွဲအတွက် အဆင်သင့်ဖြစ်ရပါမယ်။ ဗန်ဒိုက်က တကယ့်အဆုံးသတ်ကောင်းတဲ့သူပါ။ သူက အရမ်းသန်မာသလို ဘောလုံးလည်း ဖြန့်ဝေပေးနိုင်ပါတယ်”လို့ လော်ရန်တေးက ပြောကြားခဲ့ပါတယ်။

တီကိုအသင်းနည်းပြ ဆီမြွန်နီက သူ့အနေနဲ့ လီဗာပူးပရိသတ်တွေရဲ့စော်ကားမှု ကို ခံခဲ့ရတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ လော်ရန်တေးက မိမိတို့အနေနဲ့ ခံစစ်ပိုင်းသေချာပြင်ဆင်ရမှာဖြစ်သလို လာမယ့် မာယော့ကာနဲ့ပွဲမှာ အပေါင်းလက္ခဏာရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။