The network connection is lost.

Banner Image

လော်ရန်တေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ့် အက်သလက်တီကိုမက်ဒရစ်

လာလီဂါထိပ်သီးကလပ်အက်သလက်တီကိုမက်ဒရစ်က ၂၀၂၆ ခုနှစ်မကုန်ဆုံးခင် မားကို့စ်လော်ရန်တေးကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမားက ၂၀၁၉ ခုနှစ်၊ မြို့ခံပြိုင်ဘက်ရီးရဲလ်မက်ဒရစ်မှ ပြောင်းရွှေ့လာပြီးနောက် ဆီမြွန်နီရဲ့လူစာရင်းမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးပြီးနောက် စပိန်လက်ရွေးစင်ကစားသမားကို စွန့်လွှတ်ပြီး ကလပ်အသင်းဆီ အာရုံစိုက်ဖို့ ပြင်ဆင်လာချိန်မှာတော့ မက်ဒရစ်မှာရှိတဲ့ လော်ရန်တေးရဲ့စာချုပ်က အခုဘောလုံးရာသီပြီးဆုံးချိန်၊ သက်တမ်းကုန်ဆုံးဖို့ ရှိလာပါတယ်။

လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့လိုကလပ်အသင်းတွေက ၂၀၂၇ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့် ကစားသမားကို ပစ်မှတ်အဖြစ် စောင့်ကြည့်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ကစားသမားရော၊ ကလပ်အသင်းပါ မက်ဒရစ်မှာပဲ အနာဂတ်ဆက်ရှိနေဖို့ လိုလားနေကြပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။

တကယ်လို့ သူသာ မက်ထရိုပိုလီတာနိုကွင်းမှာ ဆက်ရှိနေမယ်ဆိုရင် အသက် ၃၅ နှစ်နောက်ပိုင်း ဘောလုံးဆက်ကစားဖို့ အစီအစဉ်မရှိဘူးလို့ အတိတ်မှာပြောခဲ့ဖူးတာကြောင့် ဒါက သူ့ရဲ့ကစားသမားဘ၀အတွက် နောက်ဆုံးစာချုပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

"အက်သလက်တီကိုမက်ဒရစ်မှာ နောက်ထပ်နှစ်အတော်ကြာ ဆက်နေချင်တယ်ဆိုတာ ကျွန်တော့်ဘက်ကတော့ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ ကိုယ့်ကိုတန်ဖိုးထားတဲ့ နေရာတစ်ခုမှာ ကျွန်တော် ပျော်ရွှင်နေပြီး အားလုံးအတွက် တန်ဖိုးရှိစေမယ့် သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က လူအထင်ကြီးအောင် စကားကြီးစကားကျယ် မပြောတတ်ပေမဲ့ ရိုးရိုးသားသား ဝန်ခံရရင်တော့ အက်သလက်တီကိုမက်ဒရစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားချင်ပါတယ်" လို့ လော်ရန်တေးက ဆိုပါတယ်။