
အာဆင်နယ်ပစ်မှတ်အတွက် တန်ကြေးသတ်မှတ်လိုက်တဲ့ အတ္တလန္တာ
သတင်းတွေအရ အတ္တလန္တာအသင်းဟာ အာဆင်နယ်အလိုရှိနေတဲ့ တောင်ပံကစားသမား လွတ်ခ်မန်းအတွက် ပေါင် ၅၂ သန်း တန်ကြေးသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။သတင်းဌာန Serra ရဲ့အဆိုအရ အတ္တလန္တာဟာ သူတို့စတားအတွက် ပေါင် ၅၂ သန်အထိ တန်ကြေးသတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
အာဆင်နယ်ဟာ ရီးရဲလ်စတား ရိုဒရီဂိုကို အဓိကပစ်မှတ်ထားနေပေမယ့် ပေါင် ၄၃ သန်းလောက်သာ ပေးချေချင်နေပါတယ်။ ၂၀၂၂ ကတည်းက အတ္တလန္တာအတွက် လွတ်ခ်မန်းဟာ ၁၁၈ ပွဲမှာ ၅၂ ဂိုးသွင်း ၊ ၂၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နိုင်ဂျီးရီးယားသားဟာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
၂၀၂၂ - ၂၃ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ရာမှာ လွတ်ခ်မန်းက အဓိကနေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ လွတ်ခ်မန်းဟာ ချာလ်တန် ၊ အဲဗာတန် ၊ ဖူလ်ဟမ် ၊ လက်စတာတို့မှာကစားဖူးသလို လိုက်ပ်ဇစ်မှာလည်း ၂ ကြိမ်အငှားထွက်ကစားဖူးပါတယ်။
အဲ့နောက် အီတလီမြေရောက်ချိန်မှာမှ ပိုမိုတောက်ပလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ၉၆ ပွဲမှာ ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက်အားဖြည့်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး လွတ်ခမန်းကိုခေါ်ယူမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။