The network connection is lost.

ခံစစ်အမှားများနေတဲ့ ဘရိုက်တန်ကို တကယ်ခြောက်ခြားစရာကောင်းအောင် ခြောက်ဂိုးသွင်းပေးလိုက်တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာ ၆ - ၁ ဘရိုက်တန် (ပွဲပြီးရလဒ်)

ဝက်ကင်းစ်(၁၄၊၂၁၊ ၆၅မိနစ်)

အက်စ်တူပီနန်(OG) (၂၆မိနစ်)

ရမ်ဆေး (၈၅မိနစ်)

ဖာတီ (၅၀မိနစ်)

ဒေါက်ကလပ်စ်လူးဝစ်(၉၇မိနစ်)

 

ဘရိုက်တန်အသင်းဟာ ယနေ့ညပွဲစဉ်အတွင်း ခံစစ်ပိုင်းအမှားများခဲ့တာကြောင့် ပေးဆပ်မှုကြီးမားသွားခဲ့ပါတယ်။ ပုံမှန်အားဖြင့် တိုက်စစ်ဖွင့်ကစားလေ့ရှိတဲ့ ဘရိုက်တန်ကို ဗီလာက ဘောလုံးလမ်းကြောင်းတွေ ဖြတ်တောက်ကာ တန်ပြန်တိုက်စစ်တွေနဲ့ ဂိုးပြတ်နိုင်ပွဲဖန်တီးသွားနိုင်ခဲ့ပါတယ်။ ဗီလာအသင်းဟာ ယခုနှစ်ရာသီအတွင်း လီဗာပူးနဲ့ နယူးကာဆယ်ကို ရှုံးတာကလွဲရင် နိုင်ပွဲတွေချည်း ဖန်တီးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။