
The network connection is lost.

အာဆင်နယ်နည်းပြ မီကယ်အာတီတာက အဲဗာတန်နဲ့ ပွဲစဉ်မှာ ဂိုးသမား ရမ်စ်ဒေးအစား ဒေးဗစ်ရာယာကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ခဲ့ပြီး ပွဲအချိန်အတွင်း ဂိုးသမား အပြောင်းအလဲလုပ်ချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အာတီတာဟာ ယမန်နေ့ညက ဂွတ်ဒင်ဆင်ပါ့ခ်မှာ အဲဗာတန်ကို ကပ်နိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ရာယာကို အံ့အားသင့်ဖွယ် ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။
အဲဗာတန်တိုက်စစ်က အာဆင်နယ်ကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပေမယ့် ရာယာက ဘောလုံးပေးပို့မှုတွေမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အာတီတာကတော့ ဂိုးသမားအပြောင်းအလဲလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဗီအဲရာနဲ့ ဟားဗက်ဇ် အပြောင်းအလဲလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ နှိုင်းယှဉ်ကာ ကာကွယ်ခဲ့ပါတယ်။
အာတီတာက "ကိုင်ဟားဗက်ဇ်နေရာမှာ ဗီအဲရာ၊ ဂျီးဆပ်စ်နေရာမှာ အန်ကီတီယာတို့ကိုလည်း ကျွန်တော် အပြောင်းအလဲ လုပ်ခဲ့တာပဲလေ။ ဂျီးဆပ်စ် ဘာလို့ ပွဲမထွက်တာလဲဆိုပြီး ကျွန်တော့်ကို ဘယ်သူမှ လာမမေးကြပါဘူး။ သူက ကျွန်တော်အပါအဝင် အာဆင်နယ်အဝတ်လဲခန်းအတွင်းမှာ ဖလားအများဆုံးရထားတဲ့ ကစားမားတစ်ဦးပါ။ ကျွန်တော် နေရာတိုင်းမှာ ကစားသမားနှစ်ယောက်သွားထားကစားလို့ မရပါဘူး။ ဒေးဗစ်က အရည်အချင်းပြည့်၀သလို အာရွန်၊ ကာလ်ဟိန်းတို့လည်း အတူတူပါပဲ။ ဒါကြောင့် သူတို့ကို ကျွန်တော် အသုံးပြုရပါမယ်"လို့ ပြောခဲ့ပါတယ်။
"အာတီတာက အနာဂတ်မှာ ပွဲချိန်အတွင်း ဂိုးသမားအပြောင်းအလဲလုပ်နိုင်တဲ့အကြောင်းလည်း ဖွင့်ဟသွားခဲ့ပါတယ်။ အာတီတာက ကျွန်တော်က လူငယ်နည်းပြလေးတစ်ဦးဖြစ်ပြီး ဒီအလုပ်လုပ်တာ ၃နှစ်ခွဲလောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အချို့အရာတွေအတွက် နောင်တရမိတာမျိုး ရှိခဲ့ပါတယ်။ အဲ့ဒီထဲကတစ်ခုက မိနစ်၆၀၊ ၈၅မိနစ်အချိန်တွေမှာ ဂိုးသမားလဲသင့်တယ်ဆိုတဲ့ ခံစားချက်မျိုးရခဲ့ပြီး အဲ့ဒီလို ကျွန်တော် မလုပ်ခဲ့တာပါပဲ။
ကျွန်တော့်မှာ ဂိုးသမားလဲဖို့ သတ္တိမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်က တိုက်စစ်မှူး ဒါမှမဟုတ် တောင်ပံလူတစ်ဦးကိုထုတ်ပြီး ခံစစ်ကစားသမားထည့်ကာ ပိတ်ကန်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုပွဲတွေမှာ သရေကျခဲ့ပြီး ကျွန်တော့်အနေနဲ့ အဲ့ဒီလိုဖြစ်သွားတဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ အခြားနည်းပြတစ်ဦးဆိုလည်း အဲ့ဒီလိုလုပ်မှာပါပဲ။ ကျွန်တော်တို့မှာ အရည်အချင်းပြည့်၀တဲ့ ဂိုးသမားတွေကို ပိုင်ဆိုင်ထားရင် ဘာလို့မလဲနိုင်ရမှာလဲ။ ပွဲအရှိန်ကို ပြောင်းလဲချင်ရင် ဂိုးသမားလည်း လဲရမှာပါပဲ။ အဲ့ဒီလို မလဲလိုက်ရတဲ့အတွက် ကျွန်တော် နောင်တရပြီး ကျွန်တော်ကတော့ ကစားသမားတိုင်းကို ပွဲအတွင်းမှာ ပါဝင်ပတ်သက်စေချင်တာပါပဲ။ သူတို့က ဒီပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ရရှိရပါမယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ အမှာစကားပါပဲ"လို့ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးညမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။