ဘရန့်ဖို့ဒ်ကိုအနိုင်ရပြီးနောက် ရမ်စ်ဒဲလ်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဘရန့်ဖို့ဒ်ကိုအနိုင်ရရှိခဲ့ပြီးနောက် ရမ်စ်ဒဲလ်ရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်ပြီးချီးကျူးပြောကြားခဲ့သလို သူ့အတွက်အနိုင်လိုချင်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ရမ်စ်ဒဲလ်ဟာ ရာယာရောက်လာပြီးနောက် အရန်ခုံမှာသာထိုင်နေခဲ့ရပြီး အခုဘရန့်ဖို့ဒ်နဲ့ပွဲမှာမှ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ပြန်ရခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဝီဆာရဲ့ဂိုးပေးလိုက်ရပြီးနောက် ရမ်စ်ဒဲလ်ရဲ့မျက်နှာအခြေအနေက အဆင်မပြေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ကိုအနိုင်ရပြီးနောက် လီဗာပူး နဲ့ မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း ဝီလ်ဆာရဲ့အမှားကို ရမ်စ်ဒဲလ်က ဒုတိယပိုင်းမှာ ပြန်လည်ချေပခဲ့ပြီး ဘရန့်ဖို့ဒ်ဂိုးရနိုင်တဲ့အခွင့်အရေး ၂ ကြိမ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့နောက် အနိုင်သေချာစေမယ့်ဂိုးကို ကိုင်ဟာဗက်ဇ်က ဘင်ဝှိုက်ရဲ့ဖြတ်တင်ပေးပို့မှုကနေ အပိုင်ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
“တကယ်ပျော်ပါတယ်။အထူးသဖြင့် ဘာလို့လဲဆိုတော့ သူက ဘယ်လိုလူလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ တကယ့်ကိုပုဂ္ဂိုလ်ရေးကော လူသားတစ်ဦးအနေနဲ့ပါ ပြသနိုင်ခဲ့ပါတယ်။ ဘောလုံးမှာက အမှားတွေရှိတတ်ပါတယ်။အဲ့တာက ဘယ်လိုခင်ဗျားတုံ့ပြန်လဲဆိုတာပါပဲ။ အထူးသဖြင့် ဂိုးသမားတွေအတွက်က အမြဲတမ်းခက်ခဲပါတယ်။ ဒီနေ့မှာ သူအကောင်းဆုံးစွမ်းဆောင်ပြခဲ့ပါတယ်။ ကျွန်တော် မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ တစ်သင်းလုံး နဲ့ ပရိသတ်တွေအားလုံးက သူ့နောက်မှာရှိနေတာကြောင့်ပါ။သူက လေးစားမှု ၊ နှစ်ထောင်းအားရမှုနဲ့ ထိုက်တန်ပါတယ်။ သူ့အတွက် ကျွန်တော်တို့ တကယ်အနိုင်ကန်ချင်ခဲ့တာပါ။ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကိုလည်း ကျေနပ်မိပါတယ်။စိတ်ပိုင်းဆိုင်ရာလည်း အကောင်းဆုံးလုပ်နိုင်ခဲ့သလို ဒီလိုတောင်းဆိုမှုမြင့်မားတဲ့အသင်းနဲ့ရင်ဆိုင်ရတာက ခက်ခဲပါတယယ်။ ကျွန်တော်တို့ စိတ်အားထက်သန်မှုပြသနိုင်ခဲ့ပြီး အဲ့တာကြောင့် အခုလိုရလဒ်ပြန်ရခဲ့တာပါ။၁-၀ က အရမ်းကိုကွဲပြားတဲ့ပွဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချေပဂိုးပြန်ပေးလိုက်ရချိန်မှာတော့ မတူညီတော့ပါဘူး။ အဆုံးသတ်မှာ ကျွန်တော်တို့ ဒီနိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အိမ်ကွင်းရဲ့လှပတဲ့အရာပါ။သူတို့အမှားတွေနဲ့အားပေးခဲ့ကြသလို ကျွန်တော်တို့ ဒီလိုအရာတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာလည်း အပြည့်အဝယုံကြည်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။