
အစ်ဆွစ်နဲ့ပွဲက ဆာကာရဲ့ ဒဏ်ရာမပြင်းထန်ကြောင်း အာတီတာ ပြောကြား
အာဆင်နယ်နည်းပြ မီကယ်အာတီတာက တိုက်စစ်ကစားသမား ဘူကာယိုဆာကာ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်မှုမရှိကြောင်း ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ မနေ့ညက အစ်ဆွစ်ကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အစ်ဆွစ်အသင်းရဲ့ နောက်ခံလူ လိဗ်ဒေးဗစ်ရဲ့ ခြေထောက်နဲ့ ဆာကာရဲ့ ခြေဖနောင့်ကို ထိမိခဲ့တာကြောင့် ဆာကာတစ်ယောက် ကုသမှုခံယူခဲ့ရပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် ဒေးဗစ်ကို ဒိုင်လူကြီးက အနီကတ်ပြသခဲ့သလို ဆာကာလည်း အာဆင်နယ်အသင်းရဲ့ ခုံတန်းမှာ ရေခဲကပ်ပြီး ထိုင်နေခဲ့တာကို တွေ့ရပါတယ်။ ပွဲအပြီးမှာ အာတီတာက "ကျွန်တော်ကတော့ အဲဒီကန်ချက်ကို မမြင်လိုက်ပါဘူး။ အရမ်းမြန်သွားတယ်။ ဒါက ဒိုင်လူကြီးရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ" လို့ ပြောကြားခဲ့ပါတယ်။ ဆာကာရဲ့အခြေအနေနဲ့ပတ်သက်ပြီး "သူ နည်းနည်းတော့ နာနေပါတယ်၊ ဒါပေမဲ့ ကံကောင်းတာကတော့ သိပ်ပြီးတော့ မပြင်းထန်ပါဘူး" လို့ အတည်ပြုခဲ့ပါတယ်။
ဆာကာဟာ ဒီနှစ်ရာသီအတွင်း ခြေသလုံးဒဏ်ရာကြောင့် ၃ လလောက် အနားယူခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဆက်ကစားမှာ ဖြစ်ပါတယ်။