
အားကစားဒါရိုက်တာအသစ် ဘာတာနဲ့ဆက်ဆံရေးအကြောင်း ဖွင့်ဟပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက လက်ရှိအားကစားဒါရိုက်တာအသစ် ဘာတာနဲ့ဆက်ဆံရေးအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ၃ ရာသီဆက်လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ အခုနွေရာသီမှာ အသင်းလူအင်အားကို ကြီးမားတဲ့ပြောင်းလဲမှုပြုလုပ်မှာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ အခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အဓိကထားခေါ်ယူမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ တုန်းက အာဆင်နယ်ဟာ စာချုပ်သစ်မချုပ်ခင် ဆက်စ်ကိုကိုခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။
အီဆက်က အဓိကပစ်မှတ်ဖြစ်ပေမယ့် နယူးကာဆယ်ဘက်က ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် ရောင်းထုတ်နိုင်ချေမရှိတာဖြစ်ပါတယ်။ အီဒူးနေရာကို အစားဝင်လာခဲ့တဲ့ ဘာတာကတော့ တိုက်စစ်နေရာအတွက် ယိုကရက်စ်ကိုသာ ဦးစားပေးခေါ်ယူချင်နေပါတယ်။ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အာတီတာက ဘာနဲ့ဆက်ဆံရေးအပေါ် “အရမ်းကောင်းပါတယ်။ သူတို့ ၂ ယောက်စလုံးက မတူညီတဲ့ကိုယ်ရည်ကိုယ်သွေး ၊ စရိုက်လက္ခဏာ နဲ့ နောက်ခံအနေအထားတွေရှိကြပါတယ်။ ဒါပေမယ့် သူက အရမ်းကိုမှမောင်းနှင်နိုင်ပြီး အရမ်းကိုမှရှင်းလင်းတဲ့စိတ်ကူး နဲ့ အမြင်ရှိပါတယ်။ ပြီးတော့ သူလိုချင်တဲ့အရာကိုလည်း အကောင်းဆုံးလုပ်ဆောင်ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့လူအင်အား ၊ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေအပြင် သူက နောက်ထပ်ပိုကောင်းလာအောင် ထပ်ပေါင်းပေးဖို့ အသင့်ရှိနေပါတယ်။
ဒါကြောင့် ကျွန်တော်တို့ သူ့ကိုရွေးချယ်ခဲ့တာပါ။ ကစားသမားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာရယ် ဘာလုပ်နိုင်လဲဆိုတာရယ်ကြည့်ရပါတယ်။ ကျွန်တော် မသိတာတွေလည်း ရှိပါတယ်။ တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့မှာ အစီအဏသ်တွေရှိနေပေမယ့် မဖြစ်နိုင်တာတွေရှိတတ်ပါတယ်။ ဒါကဘောလုံးပါ။ အသင်းတိုင်းမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာတဲ့အစီအစဉ်နဲ့ အဆင်ပြေအောင်လုပ်ရပါတယ်။
ကျွန်တော်တို့ ပစ်မှတ်က ရှင်းလင်းပါတယ်။ အဲ့နောက် ဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစတင်ပါတယ်။ အကြီးမားဆုံးအစိတ်အပိုင်းက ဒီမှာရှိတဲ့ကစားသမားတွေကို ဆက်ထိန်းပြီး တန်ဖိုးထားဖို့ပါ။
အဲ့တာက အရမ်းအရမ်းကိုမှအရေးကြီးပါတယ်။ တခါတလေမှာ မဖြစ်နိုင်နိုင်တာတွေရှိတတ်သလို အီဒူးနဲ့ ၅ နှစ်ခွဲတာကာလအတွင်းမှာ အဲ့တာက မဖြစ်ခဲ့သလို ဘာတာနဲ့လည်း အတူတူပါပဲ။ သူတို့က မီခေးလ် ဒါကိုကြည့်လိုက်ပါ။ ဒါကငါတို့လိုအပ်တယ်ဆိုတာကိုပြောတာနဲ့ ကျွန်တော်က ဆက်လုပ်ဖို့ ပြောခဲ့ပါတယ်။တကယ်လို့ အဲ့လိုမှမဟုတ်ရင် ကျွန်တော် အဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးမိမှာပါ။ ပြီးတော့ ကျွန်တော်တို့ အလုပ်အများကြီးလုပ်ရပါမယ်။ အဲ့တာက သက်သေပြရမှာပါ။ ကျွန်တော်တို့ အများကြီးသင်ယူခဲ့ရပါတယ်။ အချို့ဆိုရင် တကယ်ကိုအလုပ်ကြိုးစားသလို တချို့ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်တို့ သေချာလေးသင်ယူပြီး မှန်ကန်တဲ့ခေါ်ယူမှုလုပ်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်တာကြောင့် ကံမကောင်းတဲ့အချိန်တွေဆိုတာ ရှိတတ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။