
ပေါင် ၅၂ သန်းတန် ချဲလ်ဆီးစတားကို ချဉ်းကပ်လာတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်ဟာ ချဲလ်ဆီးစတား အန်ကူကူကို နွေရာသီမှာ ခေါ်ယူဖို့ ချဉ်းကပ်လာတယ်လို့ သိရပါတယ်။ အန်ကူကူဟာ ၂၀၂၃ တုန်းက လိုက်ပ်ဇစ်အသင်းထံကနေ ပေါင် ၅၂ သန်းနဲ့ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၇ နှစ်သားဟာ ဒီရာသီမှာကြံ့ခိုင်မှုပြည့်ဝနေပေမယ့် မာရက်စ်ကာလက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ၉ ပွဲသာ ပါဝင်ခွင့်ရရှိထားပါတယ်။ RMC Sport သတင်းဌာနရဲ့အဆိုအရ အန်ကူကူဟာ ချဲလ်ဆီးအသင်းနဲ့အနာဂတ်ကို စဉ်းစားနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတစ်သင်းမှာ ကန်ချင်နေတယ်လို့ ဆိုပါတယ်။
ပြင်သစ်သားကို အာဆင်နယ် နဲ့ ဘိုင်ယန်တို့က စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေထွက်လာပါတယ်။ အာဆင်နယ်ဟာ လာမယ့်နွေမှာ တိုက်စစ်မှူးသစ်ရှာဖွေနေပြီး စပို့တင်းစတား ဂရိုကီရက်စ် နဲ့ လိုက်ပ်ဇစ်စတား ဆက်စ်ကိုတို့ကို ရည်ရွယ်ထားပါတယ်။ ကွင်းလယ်နေရာအတွက်တော့ အာဆင်နယ်ဟာ ဆိုစီဒက်စတား ဇူဘီမန်ဒီကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အန်ကူကူဟာ ပြီးခဲ့တဲ့အပတ်က ဖူလ်ဟမ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
“ပထမဆုံးနေ့ကတည်းက အသင်းအတွက် ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်တိုင်းမှာ ကျွန်တော်အသင်းအတွက် အကောင်းဆုံးတွေးဖြစ်ပါတယ်။ ခရစ္စတိုကိုလည်း ငွေအများကြီးပေးပြီး ခေါ်ယူထားတာသိသလို ဂျော့ဂျ်အကြောင်းလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဒီဆုံးဖြတ်ချက်တွေ ချတာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက သူအကောင်းဆုံးအနေအထားမှာရှိပါတယ်။ ကျွန်တော်တို့ လူငယ်တွေကို နေရာပေချင်တာကြောင့် ကစားသမား ၁ ယောက် ဒါမှမဟုတ် ၂ ယောက်လောက်ကို ချန်လှပ်ထားဖို့ လိုအပ်ပါတယ်။ လက်ရှိအနေအထားမှာ အန်ကူကူပါဝင်မယ်ဆိုရင် တိုက်စစ်ကစားသမားတစ်ဦးကို ချန်လှပ်ရမှာပါ။ အဲ့တာက ဂျော့ဂျ်ပဲဖြစ်နိုင်ချေရှိပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။