The network connection is lost.

Banner Image

လွတ်ခ်မန်းအတွက် နာပိုလီနှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေတဲ့ အာဆင်နယ်

ဗစ်တာ အိုဆီမန်က ဂါလာတာစာရေးသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိနေပြီးနောက် တိုက်စစ်ပိုင်း အားဖြည့်ရန် ပြင်ဆင်နေချိန်တွင် အဒမ်မိုလာလွတ်ခ်မန်းဟာ နာပိုလီအတွက် ရွေးချယ်စရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

အိုဆီမန်အနေနဲ့ ယခုနွေရာသီတွင် အသင်းမှထွက်ခွာပါက များပြားတဲ့ ငွေကြေးအမြောက်အမြား ရရှိမယ်လို့ မျှော်မှန်းထားသဖြင့် စီးရီးအေ ဘီလူးကြီးတွေဟာ တိုက်စစ်နှင့် တောင်ပံနေရာများကို အားဖြည့်ရန် စီစဉ်နေပြီး Sky Sport ရဲ့ ဖော်ပြချက်အရ သူတို့စိတ်ဝင်စားနေတဲ့ ကစားသမားများထဲမှ တစ်ဦးမှာ လူ့ခ်မန်း ဖြစ်ပါတယ်။ ၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ဟက်ထရစ်ဖြင့် နာမည်ကြီးခဲ့တဲ့ အတ္တလန်တာ တောင်ပံကစားသမားကို တိုက်စစ်မှူးတစ်ဦးနှင့်အတူ ဦးစားပေး ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။ လွတ်ခ်မန်းရဲ့ တန်ဖိုးက ၂၀၂၄ ယူရိုပါလိဂ် ဗိုလ်လုပွဲက ဟက်ထရစ်ကြောင့် မြင့်တက်နေပါတယ်။ အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားစာ အတ္တလန္တာနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် ယူရို သန်း ၅၀ (ပေါင် ၄၃ သန်း ၊ ဒေါ်လာ ၄၉ သန်း) ခန့် တန်ဖိုးရှိနေပါတယ်။

နာပိုလီဟာ နိုင်ဂျီးရီးယားလက်ရွေးစင် ကစားသမားကို ခဗီချာ ကဗာရက်စ်ခယ်လီယာ ထွက်ခွာသွားပြီးနောက် လစ်လပ်သွားသောနေရာကို ဖြည့်ရန် စိတ်ဝင်စားနေသော်လည်း အဆိုပါ ကစားသမားကို စိတ်ဝင်စားနေတာက သူတို့တစ်သင်းတည်း မဟုတ်ပါဘူး။ အာဆင်နယ်ကလည်း လွတ်ခ်မန်းကို အချိန်ကြာမြင့်စွာကတည်းက သဘောကျခဲ့ပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ခေါ်ယူရန် စဉ်းစားနေပါတယ်။ ဝက်စ်ဟမ် နှင့် အက်သလက်တီကို မက်ဒရစ် တို့ကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အင်္ဂလိပ်ကလပ်တွေက စိတ်ဝင်စားမှုရှိသော်လည်း လွတ်ခ်မန်းက လက်ရှိတွင် ပရီးမီးယားလိဂ်သို့ ပြန်လာရန် စိတ်မဝင်စားကြောင်း သတင်းများက ဖော်ပြထားကာ ဒါကြောင့် စီးရီးအေကလပ်အတွက် အသာစီးရစေနိုင်ပါတယ်။

သို့သော် နာပိုလီမှာ အခြားရွေးချယ်စရာများကိုလည်း ထည့်သွင်းစဉ်းစားနေဆဲဖြစ်ပါတယ်။ လွတ်ခ်မန်းအတွက် အပြောင်းအရွှေ့ အဆင်မပြေပါက လီဗာပူးလ်မှ ဒါဝင် နူနက်ဇ် နှင့် ဘိုလော့ဂ်နာမှ ဒန် အန်ဒိုရီ တို့ကို အရန်ပစ်မှတ်များအဖြစ် သတ်မှတ်ထားပါတယ်။

နာပိုလီဟာ အိုဆီမန်ရဲ့ ပြောင်းရွှေ့မှု အပြီးသတ်ပြီးသည်နှင့်တစ်ပြိုင်နက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်နိုင်သော်လည်း လူ့ခ်မန်းအတွက် ပြိုင်ဆိုင်မှုက လာမယ့်ရက်အနည်းငယ်အတွင်း ပြင်းထန်လာဖွယ်ရှိပါတယ်။ အက်သလက်တီကိုက ကစားသမားရဲ့အေးဂျင့်နှင့် ကနဦးဆွေးနွေးမှုများ စတင်ခဲ့ပြီဖြစ်ပြီး အတ္တလန္တာရဲ့ ဆိုစျေးကို ပေးချေရန် ဆန္ဒရှိတယ်လို့ သိရပါတယ်။ အာဆင်နယ်၊ ဝက်စ်ဟမ်နှင့် နာပိုလီတို့ အားလုံး ပါဝင်နေတဲ့အတွက် လွတ်ခ်မန်းရဲ့ နောက်ထပ်ပြောင်းရွှေ့မှုက ဈေးအပြိုင်ပေးတဲ့ အနေအထားသို့ ဦးတည်သွားနိုင်ပြီး ဒါဟာ အတ္တလန္တာ မျှော်လင့်နေတဲ့ အခြေအနေပင် ဖြစ်ပါတယ်။