The network connection is lost.

Banner Image

ဗင်နီဇီယာအသင်းဆီ အာကော်အဒမ်စ် ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဆီဗီလာအတည်ပြု

နိုင်ဂျီးရီးယား တိုက်စစ်မှူး အာကော်အဒမ်စ်ကို အီတလီစီးရီးအေကလပ် ဗင်နီဇီယာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆီဗီလာအသင်းက သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ နိုင်ဂျီးရီးယားကစားသမားဟာ စပိန်ကလပ်အတွက် ၃၇ ပွဲ ကစားပေးခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အာကော်ဟာ ၂၀၂၄-၂၅ ခုနှစ် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ပြင်သစ်ကလပ် မောင့်ပယ်လီယာကနေ ဆီဗီလာဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၅-၂၆ ရာသီမှာတော့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းရဲ့ ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု အားလုံးကို အဲဒီရာသီမှာပဲ ရရှိခဲ့တာပါ။ ဆီဗီလာအသင်းမှာ ရှိနေစဉ်အတွင်း အဒမ်စ်ဟာ နိုင်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် ပထမဆုံး စတင်ကစားခွင့် ရရှိခဲ့သလို စူပါအီးဂဲလ်စ်အသင်းရဲ့ ပုံမှန်ကစားသမား တစ်ယောက်အဖြစ်လည်း အခြေချနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးဖြစ်သူဟာ လက်ရွေးစင်အသင်းအတွက် ၁၅ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူပေးထားကာ နိုင်ဂျီးရီးယားအသင်း ကြေးတံဆိပ်ဆု ရရှိခဲ့တဲ့ ၂၀၂၅ အာဖရိက ဖလားပြိုင်ပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။