The network connection is lost.

Banner Image

အစ်ဆွစ်နှင့်ပွဲမတိုင်မီ ကာတစ်ဂျုံးစ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ အန်းစလော့

စနေနေ့မှာ လီဗာပူးဟာ အစ်ဆွစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး တန်းဆင်းဇုံက အသင်းကို အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ထိပ်ကနေ ဦးဆောင်နိုင်ဖို့ မျှော်လင့်နေမှာပါ။ အမှတ်ပေးဇယားရပ်တည်မှုအရ လီဗာပူးဟာ အာဆင်နယ်နှင့် နော်တင်ဟမ်ဖောရက်စ်ကို တစ်ပွဲလျော့ဖြင့် ၆ မှတ်ဖြတ်ထားပါတယ်။

အန်ဖီးလ်မှာ ကစားမယ့်ပွဲကိုတော့ ဂျိုတာနှင့် ဂိုးမက်ဇ်တို့က လွဲချော်မျာဖြစ်ပြီး နောက်ထပ်ကစားသမားတစ်ဦးလည်း လွဲချော်မှာဖြစ်တယ်လို့ စလော့က ပြောလိုက်ပါတယ်။ လိုင်လီအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂျုံးစ်က ပွဲထွက်ကစားခဲ့သလို ဆာလက်ရဲ့အဖွင့်ဂိုးကို ဖန်တီပေးခဲ့ပေမယ့် ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲလိုက်ရပါတယ်။

ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ ပြောပြခဲ့ခြင်းမရှိပေမယ့် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အင်ဆွစ်နှင့်ပွဲကို လွဲချော်မှာဖြစ်ပြီး မကြာခင်မှာ ပြန်ကောင်းလာဖို့မျှော်လင့်မိပါတယ်လို့ စလော့က ပြောကြားလိုက်ပါတယ်။ "ပထမပိုင်းမှာ သူက ထွက်လိုက်ရပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ သူက မနက်ဖြန်မှာ ကစားမယ့်ပွဲကို ကစားပေးနိုင်မှာ မဟုတ်ပါဘူး" 

"ကျန်ကစားသမားတွေကတော့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ ကြည့်ရမှာပါ။ လပိုင်းလောက်အထိတော့ ကျွန်တော် မမျှော်လင့်မိပါဘူး။ ပီအက်စ်ဗွီ သိုမဟုတ် ဘုန်းမောက်နဲ့ပွဲမှာ ကစားနိုင်မလား ကြည့်ရမှာပါ" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နယ်သာလန်နိုင်ငံသား နည်းပြက ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျုံးစ်ဟာ ဒီရာသီမှာ လီဗာပူးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး လက်ရှိအချိန်အထိ ၆ ဂိုးဖန်တီးကာ ၃ ဂိုး သွင်းယူပေးထားပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ လီဗာပူးဟာ ပီအက်စ်ဗွီရဲ့အိမ်ကွင်းသို့ သွားရောက် ကစားရမှာဖြစ်ပြီး ၁၆ သင်းအဆင့်သို့တက်ရောက်သွားပြီဖြစ်လို့ အဓိက ကစားသမားတွေကို အနားနိုင်ဖွယ်လည်းရှိနေပါတယ်။ ဘုန်းမောက်သို့သွားရောက် ကစားရမယ့်ပွဲအပါအဝင် အဲဗာတန်နှင့် မာဆေးဆိုဒ်ပွဲ၊ မန်စီးတီး၊ နယူးကာဆယ်၊ တော့တင်ဟမ်နှင့်ကစားရမယ့် ကာရာဘောင်ဖလားပွဲ ဆီမီးဖိုင်နယ် ဒုတိယအအေကျာ့ တို့ကို ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပါတယ်။

ဂျုံးစ်မပါဝင်နိုင်မှုက အသင်းအတွက် ထိခိုက်စရာဖြစ်ပြီး မကြာသေးမီက ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ကိုနာတေက လိုင်လီနှင့်ပွဲမှာ အရန်ခုံမှာရှိခဲ့ပြီးနောက် ကစားဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝနေမှာပါ။ "ဒဏ်ရာအခြေအနေတွေကို ကျွန်တော်တို့ ဘယ်လောက်အထိ ကိုင်တွယ်ထားနိုင်သလဲဆိုတာ အားလုံးမြင်နိုင်ပါတယ်။ ကွမ်ဆက်က လိုင်လီနှင့် စတန်လေတို့ ပွဲမှာ ကစားခဲ့ပါတယ်။ သူ့မှာ နာကျင်မှုအချို့ရှိနေပြီး တော်တော်လေးကို ခံစားနေရတာပါ"

"ကစားဖို့အတွက်က သူ့အတွက် စိတ်ချရပေမယ့် ၃ ရက် ၁ ပွဲကစားနေရတဲ့အခါမှာတော့ သတိတော့ထားရမှာပါ။ သူ့အခြေအနေက တစ်ပတ်ကို ၃ ပွဲ မကစားနိုင်ပါဘူး" လို့ စလော့က ပြောပါတယ်။