The network connection is lost.

Banner Image

အသေးစားဒဏ်ရာပြဿနာကြောင့် ချီယေဆာကို ချန်လှပ်ထားခဲ့တယ်လို့ ရှင်းပြလာတဲ့ အန်းစလော့

လီဗာပူးအသင်းကတော့ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးချီယေဆာမပါဘဲ ကစားသမား ၂၁ ဦးနဲ့အတူ တူရကီနိုင်ငံဆီ ခရီးထွက်လာခဲ့ပါပြီ။ အခုလိုချီယေဆာမပါဝင်နိုင်မှုက ဒဏ်ရာပြဿနာကြောင့် မဟုတ်ဘဲ အန်းစလော့ရဲ့ဆုံးဖြတ်ချက်အရသာ မပါဝင်နိုင်ခြင်းဖြစ်တယ်ဆိုတဲ့ အစောပိုင်းသတင်းတွေ ထွက်ပေါ်လာချိန် ဘောလုံးပရိသတ်အတော်များများ အံ့အားသင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီသတင်းတွေက အမှန်မဟုတ်ပါဘူး။

ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ချီယေဆာမပါဝင်လာခြင်းအကြောင်း မလွှဲမရှောင်သာမေးမြန်းလာမှုကို အန်းစလော့က “ သူ အနည်းငယ်မအီမသာ ဖြစ်နေပါတယ်။ ချီယေဆာက လေ့ကျင့်ရေးအစီအစဉ်ကို အစပိုင်းမှာ ပါဝင်နိုင်ခဲ့ပေမဲ့ အဆုံးသတ်အထိ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ချဲလ်ဆီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်လို့ သူ့ကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ချီယေဆာက နွေရာသီခေါ်ယူမှုဖြစ်တဲ့ အီကီတီကီပြီးရင် လီဗာပူးမှာ ပုံစံကောင်းပြသနေတဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ပါတယ်။ အီကီတီကီကတော့ ပြီးခဲ့တဲ့သီတင်းပတ်၊ ဆောက်သမ်တန်ကိုအနိုင်ရရှိတဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ်ထိခဲ့လို့ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မကစားနိုင်ခဲ့ပါဘူး။

ဒါကြောင့် အီကီတီကီက ကြားရက်၊ ဂါလာတာစာရေးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့ သီတင်းပတ်ကုန်၊ ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ပါလိမ့်မယ်။ အလားတူ သူ့ရဲ့အသင်းတိုက်စစ်စုဖွဲ့မှုအတွက် အန်းစလော့ ဘာတွေလုပ်ဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။