The network connection is lost.

Banner Image

ကနေဒါဘက်ကနေ ဒေါ်လာ ၃ သိန်း‌လောင်းခဲ့တဲ့ ဒရိတ်ကို လှောင်ပြောင်လိုက်တဲ့ အာဂျင်တီးနား

ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲမတိုင်မီ ကနေဒါဘက်ကနေ လောင်းကြေးထပ်ခဲ့တဲ့ ဒရိတ်ကို အာဂျင်တီးနားက လှောင်ပြောင်လိုက်ပါတယ်။

မက်ဆီနှင့် အာဂျင်တီးနားကို အနိုင်ယူနိုင်ဖို့အတွက် ယခုအပတ်အစောပိုင်းတွင် ဒရိတ်ဟာ သူ့ရဲ့နိုင်ငံဘက်ကနေ ထူးထူးခြားခြား ဒေါ်လာ ၃၀၀၀၀၀ (ပေါင် ၂၃၄၁၉၅) လောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။ အကယ်၍ ကနေဒါသာ အနိုင်ရရှိခဲ့ပါက ရက်ပ်အဆိုတော် ဒရိတ်ဟာ ဒေါ်လာ ၂.၈ သန်း (ပေါင် ၂ သန်း) ကို ရရှိမှာဖြစ်သော်လည်း အာဂျင်တီးနားကသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျူလီယန် အယ်လ်ဗာရက်ဇ်နှင့် မက်ဆီတို့ရဲ့ သွင်းဂိုးများကြောင့် အာဂျင်တီးနားအသင်းဟာ ကနေဒါကို ၂-၀ ဂိုး ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ X အကောင့်က ဒရိတ်ရဲ့ လောင်းကြေးထပ်မှုကို ရှင်းရှင်းလင်းလင်းသိရှိခဲ့ပြီး ပွဲအပြီးတွင် အဆိုပါအနုပညာရှင်အား ရည်ရွယ်ကာ လှောင်ပြောင်ခဲ့တာပါ။

မကြာသေးမီကမှ ကန်ဒရစ်လမာရဲ့ ပြဿနာပြေလည်ခဲ့တဲ့ ဒရာကီကို ပရိတ်တွေက ကနေဒါရဲ့ရှုံးနိမ့်မှုနှင့်ပတ်သက်ပြီး ပြောကြားလိုက်ပါတယ်။ ကနေဒါကို အနိုင်ရပြီးနောက် အာဂျင်တီးနားဟာ ကန်ဒရစ်ရဲ့ အထင်ကရ သီချင်းဖြစ်တဲ့ 'Not Like Us' ကိုရည်ညွှန်းပြီး ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့ပါတယ်။

အသင်းရဲ့အောင်ပွဲခံနေတဲ့ ဓာတ်ပုံကို တင်ပြီး "Note Like us, not with us" ဟူသော စားသားကို ရေးသားထားတာဖြစ်ပါတယ်။ ဒရိတ်ကို လှောင်ပြောင်မှုက X တွင် ရပ်တန့်မသွားဘဲ အဆိုပါဓာတ်ပုံကိုပဲ အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့ပြီး 'Not Like Us' လို့ ခေါင်းစဉ်တပ်ခဲ့တာဖြစ်ပါတယ်။

ကန်ဒရစ်နှင့် ဒရိတ်တို့အကြား ရန်ဖြစ်မှုဟာ မေလတွင် နေရာသစ်သို့ ရောက်လာခဲ့ပြီး မကြာမီတွင် သီချင်းစာသားထဲ၌ ကန်ဒရစ်က ပြင်းပြင်းထန်ထန် ပြောဆိုထားတာလည်းဖြစ်ပါတယ်။ သီချင်းထဲတွင် ကန်ဒရစ်က အသက် ၃၇ နှစ်အရွယ်ရှိ ဒရာကီအား ကလေးသူငယ်တစ်ဦးအဖြစ် စွပ်စွဲခဲ့ပြီး ၎င်း၏အဖွဲ့သားများနှင့်အတူ The Heart Part 6 ကို အမြန်ထုတ်လုပ်ပြီး ဒရာကီကို အသက်မပြည့်သေးသူ လို့ ရပ်စသားရွတ်ဆိုကာ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ကနေဒါကို အနိုင်ရရှိခဲ့တာကြောင့် အာဂျင်တီးနားဟာ ၂၀၂၁ တွင် ကိုပါအမေရိကနှင့် တစ်နှစ်အကြာတွင် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးပြီးနောက် နှစ်များစွာအတွင်း တတိယမြောက်အဓိကဖိုင်နယ်သို့ရောက်ရှိသွားတာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ဖလော်ရီဒါပြည်နယ် မီယာမီတွင် တနင်္ဂနွေနေ့၌ ယှဉ်ပြိုင်ကစားမယ့် ဥရုဂွေး-ကိုလံဘီယာ ပွဲမှ အနိုင်ရရှိတဲ့အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။