မက်ဆီရဲ့ ပင်နယ်တီလွဲချော်မှုအတွက် ဒဏ်ရာကို အကြောင်းပြလို့မရဘူးလို့ ပြောကြားလိုက်တဲ့ အာဂျင်တီးနားနည်းပြ
အာဂျင်တီးနားစူပါစတား လီယွန်နယ်မက်ဆီဟာ ကိုပါအမေရိကပြိုင်ပွဲတွင် ပြန်လည်ကစားချိန်တွင် ကောင်းမွန်နေပြီး ပင်နယ်တီလွဲချော်မှုအတွက် ဒဏ်ရာကို အကြောင်းပြလို့တော့ ရမှာမဟုတ်ပါဘူး
ကြွက်သားပြဿနာမှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဘော်လွန်းဒီအော်ဆု ၈ ကြိမ်ရ မက်ဆီဟာ အီကွေဒေါနှင့်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်တွင်ပါဝင်ကစားခဲ့ပါတယ်။ မက်ဆီဟာ ထိုပြိုင်ပွဲတွင် မိနစ် ၉၀ အပြည့်ကစားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ပွဲက ပြီးဆုံးခဲ့ပါတယ်။
မက်ဆီက ပထမဆုံး ပင်နယ်တီကို ကန်သွင်းခဲ့ပေမယ့် လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်တွင် အင်တာမီယာမီတိုက်စစ်မှူးက ဒဏ်ရာရဲ့သက်ရောက်မှုကို ခံစားနေသေးသလားလို့ မေးမြန်းရာ အာဂျင်တီးနားနည်းပြ လီယွန်နယ်စကာလိုနီက "မဟုတ်ပါဘူး လီယိုဟာ ပွဲကောင်းတစ်ပွဲရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးရရှိတဲ့ဟာ ခံစစ်မှူးနှစ်ဦး ရောက်လာပြီး တားဆီးပါတယ် ဒါဟာ သူတို့ရဲ့ အစီစဉ်ဖြစ်ပြီး စစ်တုရင်ကစားသလိုဖြစ်ခဲ့ပါတယ်။ လီယိုက ၇ ရက် ပြင်ဆင်ချိန်ရှိခဲ့ပြီး အခုလိုမေးခွန်းမျိုးအတွက် ကျွန်တော်တို့ သတိမထားမိခဲ့ပါဘူး" လို့ ပြောပါတယ်။
ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲအတွက် ပြင်ဆင်ရန် ၅ ရက်ရှိနေတဲ့ မက်ဆီရဲ့ ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေကိုမေးရာတွင် နည်းပြက "သူ ကောင်းကောင်း ပြီးသွားပါပြီ။ နောက်ဆုံးပွဲတုန်းက ၅ မိနစ် ၆ မိနစ်လောက် ကျန်တဲ့အချိန်မှာ သူ့ကိုမေးခဲ့ပြီး အဆင်ပြေတယ်လို့ ပြန်ပြောခဲ့ပါတယ်" လို့ ပြောပါတယ်။
မက်ဆီဟာ အီကွေဒေါနှင့်ပွဲတွင် ပင်နယ်တီမဝင်ခဲ့သော်လည်း ဂိုးသမား မာတီနက်ဇ်က ပင်နယ်တီအဆုံးအဖြတ်တွင် သူရဲကောင်းဆန်ဆန် ကာကွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ အာဂျင်တီးနားက ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်တွင် ကနေဒါ သို့မဟုတ် ဗင်နီဇွဲလားနှင့် ရင်ဆိုင်ရဖို့ စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။