
The network connection is lost.

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးသည် ယခုနှစ်ရာသီတွင် ၎င်းတို့၏ ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်မှုသည် အာဆင်နယ်အသင်း အနေဖြင့် ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိနေခြင်းကြောင့် အဟန့်အတားဖြစ်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ အာတီတာ၏ အသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနောက် ငါးမှတ်အကွာ ဒုတိယနေရာတွင် အဆုံးသတ်ခဲ့သော်လည်း ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်သို့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းသည် ၎င်းတို့၏ ပရီးမီးယားလိဂ်အဖွင့် လေးပွဲတွင် ၁၀ မှတ်ဖြင့် ရာသီသစ်ကို တောက်ပစွာ စတင်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပရီးမီးယားလိဂ်ကြား ဟန်ချက်ညီညီ ထိန်းညှိနိုင်ခြင်းက ၎င်း၏အသင်းဟောင်းကို အမှတ်ပေးဖလားပြိုင်ပွဲတွင် နစ်နာစေသည်ဟု အာစင်ဝင်းဂါးက ယုံကြည်နေပါတယ်။ အာစင်ဝင်းဂါးက ကီဗင်ဒီဘရိုင်း၏ ဒဏ်ရာအပြင် နွေရာသီတွင် ဘာစီလိုနာသို့ ဂန်ဒိုဂန် ထွက်ခွာသွားခြင်းသည်လည်း မန်စီးတီးအား ယခုနှစ်ရာသီတွင် အားနည်းသွားစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ သူတို့ (အာဆင်နယ်)က လေးလေးနက်နက် ရင်းနှီးမြုပ်နှံခဲ့တယ်လို့ ခံစားမိပါတယ်။ သူတို့က ငွေအမြောက်အမြား ရင်းနှီးမြုပ်နှံခဲ့တယ်။ သူတို့မှာ ငယ်ရွယ်တဲ့အသင်း၊ အရည်အချင်းရှိတဲ့ အသင်းတစ်သင်း ရှိပါသေးတယ်။ မနှစ်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကနေ သင်ယူခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က အဲဒါကို ကောင်းကောင်းမထိန်းနိုင်ရင် စိတ်ပိုင်းဆိုင်ရာအရ အရမ်းခက်ခဲပါလိမ့်မယ်။
အဲဒီအဖြစ်အပျက်တွေကနေ သင်ယူကြမယ်ဆိုတာ သေချာပါတယ်။ မန်စီးတီးကလည်း ဒီဘရိုင်းကို အချိန်အတော်ကြာ ဆုံးရှုံးခဲ့ရပြီး အရမ်းအရေးကြီးတဲ့ ကစားသမားဖြစ်ခဲ့တဲ့ ဂန်ဒိုဂန်က လည်းပြောင်းသွားခဲ့ပါပြီ။ ထိပ်တန်းအသင်းတစ်သင်းဖြစ်ရင်တဲ့ မန်စီးတီးရဲ့အခြေအနေကို အာဆင်နယ်အနေနဲ့ အခွင့်ကောင်းယူနိုင်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချန်ပီယံလိဂ်ပွဲတွေ ရင်ဆိုင်ရမှာဖြစ်လို့ အမှတ်တွေလျော့ကျမှုရှိနိုင်ပါတယ်" လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။