The network connection is lost.

Banner Image

ဒဏ်ရာပြဿနာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်စတား အယ်လ်ဖွန်ဆိုဒေးဗီးစ်က ACL ဒဏ်ရာအခြေအနေကနေ ပြန်လာပြီးနောက် နာကျင်ဖွယ်ရာအတွေ့အကြုံအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကနေဒါအသင်းနဲ့အတူ မတ်လတုန်းက ကစားပေးရင်း အရွတ်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားက သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့လုပ်ဆောင်ချိန်မှာ မျက်ရည်တွေကျခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အင်တာဗျူးတစ်ခုမှာ ဒေးဗီးစ်က “ကျွန်တော် ကိုယ်ခန္ဓာပိုင်းအတွက် မိနစ် ၃၀ လေ့ကျင့်ခဲ့ရပါတယ်။ အဲ့မှာ ကျွန်တော်စိတ်ပိုင်းဆိုင်ရာခံစားရတာပါ။ အဲ့တာဘယ်ကနေလာလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော် ရေချိုးပြီးနောက် မျက်ရည်ကျလာတော့တာပါပဲ။ တစ်နေ့ချင်းပိုကောင်းလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲ့အတွက်လည်း တိုက်ပွဲဝင်နေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဘိုင်ယန်စတားဟာ မတ်လတုန်းက အမေရိကန်အသင်းနဲ့ ကွန်ကာကက်ဖ်နေးရှင်းလိဂ်တတိယအဆင့်ခြေစစ်ပွဲအတွက် ကန်ပေးရင်း အရွတ်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဒေးဗီးစ်ရဲ့အေးဂျင့် ဟိုဆက်ချ်ကတော့ ကစားသမားကြံ့ခိုင်မှုမပြည့်ဝပဲ ထည့်ကစားဖို့ စဉ်းစားခဲ့တဲ့ ကနေဒါအသင်းကို ဝေဖန်ခဲ့ပါတယ်။

ဟူဆက်ချ်က အသက် ၂၄ နှစ်သားအခြေအနေက ရုန်းကန်နေရပေမယ့် ကနေဒါနည်းပြ ဂျက်ဆီမာ့ချ်က ကစားဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်အသင်းက ကစားသမားနဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ပေမယ့် အခုလောက်အထိ ဒဏ်ရာအခြေအနေပြင်းထန်မယ်လို့ မထင်ခဲ့တာဖြစ်ပါတယ်။ ကနေဒါသားဟာ ကာလရှည်နားနေရတော့မှာဖြစ်ပြီး ဘိုင်ယန်ဆေးအဖွဲ့ကတော့ အနည်းဆုံး ၆ လကနေ ၈ လလောက်အထိ နားရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါအခြေအနေအရ ဘိုင်ယန်စတားအနေနဲ့ လာမယ့်ကလပ်ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။