
အသင်းပြောင်းဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့ နယူးကာဆယ်စတား
လီဗာပူးအသင်းက ဒုတိယအကြိမ်မကမ်းလှမ်းရသေးပေမယ့် နယူးကာဆယ်တိုက်စစ်မှူး အီဆက်တစ်ယောက် အသင်းပြောင်းဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆွီဒင်သားဟာ လက်ရှိ ၃ နှစ်တာနေခဲ့တဲ့နေအိမ်အဟောင်းကနေ ပြောင်းရွှေ့မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
နယူးကာဆယ်အသင်းမိသားစုဝင်အဖြစ်ကနေ ချန်လှပ်ခံခဲ့ရပြီးနောက် လက်ရှိမှာ အီဆက်နေခဲ့တဲ့နေအိမ်ဟာ ၂၄ နာရီအတွင်းမှာ ငှားရမ်းမယ့်သူရှာဖွေနေတာဖြစ်ပါတယ်။ အီဆက်ဟာ နယူးကာဆယ်အတွက် နောက်တစ်ကြိမ်ပြန်ကစားပေးတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး လီဗာပူးထံပြောင်းဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးအသင်းဟာ အီဆက်အတွက် ကနဦးပေါင်သန်း ၁၁၀ နဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး နောက်တစ်ကြိမ်ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
အီဆက်ရဲ့နေအိမ်ဟာ ဆွီဒင်သားတစ်ယောက် ဆိုစီဒက်အသင်းထံ သွားရောက်လေ့ကျင့်ခန်းဆင်းချိန်မှာ ငှားရမ်းဖို့ စာတင်ခဲ့တာဖြစ်ပါတယ်။ ဟိုဝီကတော့ အီဆက်ဟာ လာမယ့်ဗီလာနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ပဲ အပြောင်းအရွှေ့မပိတ်ခင် လီဗာပူးထံပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေပါတယ်။ နယူးကာဆယ်ဘက်ကလည်း အီဆက်နေရာအတွက် အစားထိုးမယ့်သူမတွေ့ခဲ့ရင် သူတို့စတားကို လက်လွှတ်ဖွယ်မရှိတာဖြစ်ပါတယ်။