
ယူနိုက်တက်ရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ချဲလ်ဆီးထံမက်ဆေ့ချ်ပေးပို့လိုက်တဲ့ အာဂျင်တိုင်းသား
သတင်းတွေအရ ချဲလ်ဆီးအနေနဲ့ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုကို ပေါင်သန်း ၇၀ အောက်လောက်နဲ့ခေါ်ယူနိုင်ချေရှိနေတယ်လို့ သိရပါတယ်။ အာမိုရင်ကတော့ ဂါနာချိုအနေနဲ့ ယူနိုက်တက်မှာ အနာဂတ်မရှိတော့ကြောင်းကို ရှင်းရှင်းလင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ယူရိုပါလိဂ်ဖိုင်နယ်မှာ လူစာရင်းမပါဝင်ခဲ့တဲ့နောက် အာမိုရင် နဲ့ ဂါနာချိုတို့ကြား အခြေအနေတွေက တင်းမာလာခဲ့တာဖြစ်ပါတယ်။
အာဂျင်တိုင်းသားကို ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ချဲလ်ဆီးကော နာပိုလီကပါ စိတ်ဝင်စားခဲ့ပေမယ့် ယူနိုက်တက်ရဲ့ပေါင်သန်း ၇၀ တန်ကြေးကြောင့် နောက်ဆုတ်ခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ဂါနာချိုကို အခုနွေရာသီမှာ ပေါင်သန်း ၄၀ ရရင် လက်ခံဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ နောက်ထပ်သတင်းတွေအရ ဂါနာချိုကိုယ်တိုင်ကလည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်ပါကစားချင်နေတယ်လို့ သိရပြီး ချဲလ်ဆီးက ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဂါနာချိုဟာ စနေနေ့တုန်းက လိဒ်ယူနိုက်တက်နဲ့ရာသီကြိုခြေစမ်းပွဲမှာ ဆွီဒင်ကိုမပါသွားဘူးလို့ သိရပါတယ်။ အသက် ၂၁ နှစ်သားဟာ အခုအပတ်ထဲမျာ အမေရိကန်မြေကိုသွားရောက်မယ့် လူစာရင်းမှာလည်း ပါဝင်ဖွယ်မရှိတာဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်အပြီးမှာ ဂါနာချိုက “ပွဲက အများကြီးထိခိုက်မှုရှိပါတယ်။ ဒါပေမယ့် ရာသီကပြီးဆုံးခဲ့ပါပြီ။ကျွန်တော် နွေရာသီကို ကောင်းကောင်းဖြတ်သန်းမှာဖြစ်ပြီး အနာဂတ်မှာဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်”လို့ ဖြေကြားခဲ့ပါတယ်။ နာပိုလီဟာ ဂါနာချိုကို ဇန်နဝါရီတုန်းက ကာဗာစခီလီယာနေရာမှာ အစားထိုးဖို့ ခေါ်ယူချင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။