The network connection is lost.

Banner Image

အင်ဇာဂီက အင်တာမီလန် ကနေ အလွယ်တကူ ထွက်ခွာခဲ့တာမဟုတ်ကြောင်း ပြောကြားလိုက်တဲ့ အယ်လ်ဟီလာလ် အကြီးအကဲ ကာလ်ဇာဒါ

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီ ကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်ဇာဂီဟာ အယ်လ်ဟီလာလ်ရဲ့ ၏ ကမ်းလှမ်းမှုကို လက်ခံရန် အင်တာ  ထွက်ခွာခဲ့သော်လည်း ကာလ်ဇာဒါက ဒါဟာ လွယ်ကူတဲ့ ညှိနှိုင်းမှု မဟုတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ဒါက ရှုပ်ထွေးတဲ့ ညှိနှိုင်းမှု လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ အရမ်းပျော်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အဆင့်မီ နည်းပြတစ်ဦးကို ခေါ်ယူနိုင်ခဲ့လို့ပါ။ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး အောင်မြင်မှုကို သက်သေပြထားတဲ့ နည်းပြ၊ ကြီးမားတဲ့ ကစားသမားတွေနဲ့ မပြည့်စုံတဲ့ အသင်းတစ်သင်းကနေ အကောင်းဆုံးကို အမြဲတမ်း ရယူနိုင်ခဲ့တဲ့ နည်းပြပါ" လို့ သူက Marcaသို့ ပြောကြားခဲ့ပါတယ်။

"သူက ချန်ပီယံလိဂ်မှာ အနိုင်မရရှိခဲ့ပေမယ့် သုံးနှစ်အတွင်း နှစ်ကြိမ်အထိ ဗိုလ်လုပွဲသို့ ရောက်ခဲ့ပါတယ်" လို့  သူက ပြောကြားခဲ့ပါတယ်။ ကာလ်ဇာဒါက "လုပ်ငန်းစဉ်ကို နှေးကွေးစေပြီး ရှုပ်ထွေးစေတာက သူ စဉ်းစားရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက အင်တာကို အရမ်းသဘောကျတာကြောင့်ရယ်၊ အထူးသဖြင့် အချိန်ကိုက်တာပါ။ လေးစားစွာနဲ့ သူ ကျွန်တော်တို့ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်ခိုင်းပြီးမှ ဆုံးဖြတ်ချက်ချဖို့ တောင်းဆိုခဲ့ပါတယ်"

"ဒါပေမဲ့ ဒါက အချိန်ကြာတဲ့ လုပ်ငန်းစဉ်တော့ မဟုတ်ပါဘူး။ ဆီမွန် အင်ဇာဂီ ဟာ ကျွန်တော်တို့ရဲ့ ပထမဆုံး ရွေးချယ်မှုပါဆိုတာ ကျွန်တော်တို့ အရမ်းရှင်းပါတယ်" "ကျွန်တော့်ကို အကောင်းဘက်ကနေ အံ့အားသင့်စေတာကတော့ သူ့ကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် ကျွန်တော်တို့ဆီ ကမ်းလှမ်းခဲ့ကြပြီး အသင်းကို လာချင်ခဲ့ကြတဲ့ နည်းပြတွေရဲ့ အဆင့်အတန်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။