The network connection is lost.

Banner Image

မန်စီးတီးကို အနိုင်ရပြီးနောက် ဘရိုက်တန်ရဲ့စိတ်ဓာတ်ပိုင်းကို ဟာဇလာ ချီးကျူး

ယမန်နေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ၀-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဘရိုက်တန်နည်းပြဟာဇလာက သူ့အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

လတ်တလော ဟာဇလာရဲ့အသင်းက ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းကြီးတစ်ခုကို နောက်ထပ်တစ်ကြိမ်အနိုင်ယူကာ အမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်ပြီး အထင်ကြီးဖွယ်ခြေစွမ်းမျိုး ပြသနေပါတယ်။

အခုပွဲစဉ်ရဲ့ပွဲချိန် ၁၁ မိနစ်မှာ မန်စီးတီးနောက်ခံလူ မားသီးယပ်စ်နူနက်စ်ရဲ့ ဘောလုံးရှင်းထုတ်ပုံအမှားအယွင်းကို အကောင်းဆုံးအသုံးချကာ အယာရီက အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ BBC Sport နဲ့တွေ့ဆုံချိန် ဟာဇလာက သူ့အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ချီးကျူးလိုက်ပြီး အခုလိုပွဲကြီးပွဲကောင်းတွေမှာ အနိုင်ရရှိဖို့အတွက် ယုံကြည်မှုသာ အဓိကသော့ချက် ဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဟူဇလာက "ဒီလိုအတွေးအခေါ်စိတ်ဓာတ်မျိုး ရှိနေဖို့နဲ့ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဒါကို ပျံ့နှံ့စေဖို့ အရေးကြီးပါတယ်။ ဒီလိုပွဲမျိုးတွေကို အနိုင်ရဖို့အတွက် ယုံကြည်မှုက အဓိက သော့ချက်ပါပဲ" လို့ ရှင်းပြပါတယ်။

"ဒီကိုလာပြီး လိဂ်ရဲ့အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်တဲ့ မန်စီးတီးနဲ့ရင်ဆိုင်ရတယ်ဆိုတာ အမြဲလိုလို ထူးခြားပါတယ်။ အခြေခံကျတဲ့ကဏ္ဍတွေမှာ ထူးချွန်ပြောင်မြောက်နေဖို့ လိုသလို လူတိုင်းလည်း အကောင်းဆုံး ပါဝင်အားဖြည့်ပေးခဲ့ကြပါတယ်"

"မန်ချက်စတာဆီခရီးထွက်လာခဲ့တဲ့ အင်္ဂါနေ့ကတည်းက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့လေးရက်တာအချိန်ကာလကို ပိုင်ဆိုင်ချင်ခဲ့တယ်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီး အကောင်းဆုံး အဆုံးသတ်ချင်ခဲ့ပါတယ်။ ဒီနေ့တော့ လူတိုင်း ဒီနိုင်ပွဲကို ပျော်ပျော်ပါးပါး ခံစားနိုင်ပါပြီ" လို့ ဆက်ပြောခဲ့ပါတယ်။