The network connection is lost.

Banner Image

အယ်လ်မာလကို ဂျာမနီလက်ရွေးစင်အသင်းဆီ ခေါ်ယူဖို့ ယာဂန်ကလော့ပ် စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်

အယ်လ်မာလက လာမယ့်စက်တင်ဘာလအတွင်း ဂျာမနီလက်ရွေးစင်ကစားသမားဘ၀ပွဲဦးထွက်ကို ပါဝင်ကစားရဖို့ ရှိနေပါတယ်။

Sky Germany သတင်းထောက်ပလက်တန်ဘတ်ချ်ရဲ့အဆိုအရ ဂျာမနီအသင်းနည်းပြသစ် ယာဂန်ကလော့ပ်က လာမယ့် စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ကစားမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် အသက် ၂၀ နှစ်အရွယ်တောင်ပံကစားသမားကို အသင်းလူစာရင်းမှာ ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကလော့ပ်က အယ်လ်မာလရဲ့အလားအလာကောင်းတွေကို မြင်တွေ့ထားပြီး ဂျာမနီနည်းပြအဖြစ် အစောပိုင်းကာလမှာတင် လူငယ်ကစားသမားကို ပံ့ပိုးပေးချင်နေပါတယ်။

အခုလိုရွေးချယ်ခံရမှုက လျင်မြန်စွာတိုးတက်နေတဲ့ အယ်လ်မာလရဲ့ကစားသမားဘဝအတွက် အရေးကြီးတဲ့ခြေလှမ်းသစ်တစ်ခု ဖြစ်လာပါလိမ့်တယ်။ ကိုလုံးတောင်ပံကစားသမားက ဂျာမနီနည်းပြဟောင်းနာဂယ်စ်မန်းရဲ့စောင့်ကြည့်မှုကို ရရှိခဲ့ဖူးပေမဲ့ စီနီယာအဆင့်ပွဲဦးထွက်ကိုတော့ မကစားနိုင်သေးပါဘူး။ သူက ဂျာမနီလူငယ်လက်ရွေးစင်အသင်းတွေအတွက်တော့ ကိုယ်စားပြုပေးဖူးပါတယ်။

အယ်လ်မာလက အခုဘွန်ဒက်စ်လီဂါရာသီသစ်မှာလည်း စိတ်လှုပ်ရှားဖွယ်ကစားဟန်နဲ့အတူ ပေါ်ထွက်လာပါတယ်။ သူက ဟော်ဖန်ဟိမ်းကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ကိုလုံးအတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဂျာမန်ဘောလုံးလောကရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

တဖက်မှာလည်း ကလော့ပ်ရဲ့ပထမဆုံးဂျာမနီလက်ရွေးစင်အသင်းလူစာရင်းကို လာမယ့် စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်သွားဖို့ စီစဉ်ထားပြီး နည်းပြသစ်က နေးရှင်းလိဂ် ပွဲစဉ်လေးပွဲနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်သွားပါလိမ့်မယ်။ ဂျာမနီအသင်းက စက်တင်ဘာ ၂၄ ရက်မှာ နယ်သာလန်၊ စက်တင်ဘာ ၂၇ ရက်မှာ ဂရိ၊ အောက်တိုဘာ ၁ ရက်မှာ ဆားဘီးယား၊ အောက်တိုဘာ ၄ ရက်မှာ ဂရိတို့နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။