The network connection is lost.

Banner Image

အမေရိကန်လက်ရွေးစင်အသင်းကို နှုတ်ဆက်ချိန် မျက်ရည်ကျခဲ့တဲ့ ယူနိုက်တက်နည်းပြသစ် ပိုချက်တီနို

မန်ချက်စတာယူနိုက်တက်နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် အမေရိကန်အမျိုးသားလက်ရွေးစင်အသင်းကို နှုတ်ဆက်ချိန်မှာ ပိုချက်တီနို မျက်ရည်ကျခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ်နည်းပြက နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်အသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းကို ၁၆ သင်းရှုံးထွက်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ကာ ဒီအဆင့်မှာ ဘယ်လ်ဂျီယံကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

အမေရိကန်လက်ရွေးစင်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုမရရှိခဲ့တဲ့ တစ်ဦးတည်းသောနည်းပြ ပိုချက်တီနိုက မန်ချက်စတာယူနိုက်တက်မှာ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ ထွက်ခွာသွားပါပြီ။

ဟေတီနဲ့ကစားမယ့် အမေရိကန်ရဲ့ပွဲစဉ်နှစ်ပွဲအပြီး နိုဝင်ဘာ ၁၉ ရက်မှာတော့ ပိုချက်တီနိုက အိုးထရက်ဖို့ဒ်ရဲ့နည်းပြရာထူးကို တရားဝင်တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။

တော့တင်ဟမ်နဲ့ ချဲလ်ဆီးနည်းပြဟောင်းက ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နှစ်ပေါင်းများစွာ သတင်းထွက်ပေါ်ခဲ့ဖူးသလို ၂၀၁၆ ခုနှစ်မှာလည်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ သီးသန့် နေ့လယ်စာအတူစားခဲ့ဖူးလို့လည်း နာမည်ကြီးခဲ့ပါတယ်။

စနေနေ့(နိုဝင်ဘာ ၁၃ ရက်)မှာ ကစားမယ့် အမေရိကန်အသင်းရဲ့ပွဲစဉ်မတိုင်မီ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပိုချက်တီနို မျက်ရည်တွေ ကျဆင်းနေခဲ့ပါတယ်။

သူက "ပုံမှန်အားဖြင့်တော့ ဆန့်ကျင်ဘက်ပါပဲ။ ရာထူးမှထုတ်ပယ်ခံရပြီး အသင်းမှာ ဆက်နေချင်လို့ ငိုကြွေးရတတ်ပါတယ်။ အခုကိစ္စမှာတော့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဒါက တကယ်ကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ရှေ့ဆက်လှမ်းရမယ့် ခြေလှမ်းအတွက်လည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်"

"ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွက် နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေကို အရမ်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အံ့သြဖွယ်စီမံကိန်းတစ်ခုကို အတူတကွ မျှဝေလုပ်ဆောင်ရင်း ကျွန်တော့်ကို တကယ် ပျော်ရွှင်စေခဲ့ပါတယ်။ အခု ဒါကို အဆုံးသတ်ရတာ ကျွန်တော့်အတွက် ခက်ခဲပါတယ်" လို့ ပြောပါတယ်။

မျက်ရည်တွေကို ဆက်လက်သုတ်ရင်း သူက "ကျွန်တော်တို့ အမှန်တကယ် ယုံကြည်ပြီး အတူတကွ တိုးတက်ပြောင်းလဲနေတဲ့ စီမံကိန်းတစ်ခုကို မျှဝေလုပ်ကိုင်ရတာ အလွန်ရင်ခုန်စရာ ကောင်းခဲလို့ ဆုံးဖြတ်ချက်ချဖို့ ပိုပြီး ခက်ခဲစေခဲ့ပါတယ်" လို့ ရှင်းပြပါတယ်။

"ဒါက ဝမ်းနည်းစရာကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး ကိုယ့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာစေဖို့အတွက် နောက်တစ်ဆင့်ကို ရှာဖွေကြရပါမယ်။ ကျွန်တော်တို့ ဒေသတွင်းမှာရော၊ ကမ္ဘာတစ်ဝန်းမှာပါ တိုးတက်စေခဲ့ပါတယ်"

"ကျွန်တော် မိန့်ခွန်းတစ်ခုကို ကြိုတင်မပြင်ဆင်ထားခဲ့ပါဘူး၊ နှလုံးသားထဲမှလာတဲ့ စကားပြောနေတာပါ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်နိုင်စွမ်းတွေကို ကျွန်တော်တို့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်"

"ကျွန်တော်တို့နဲ့ ကျွန်တော့်ဆီမှ တန်ဖိုးတွေကို အသိအမှတ်ပြုချင်ပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့အလုပ်ကို ခင်ဗျားတို့ လေးစားကြတယ်၊ ကျွန်တော်တို့အပေါ် ဘယ်တော့မှ မုသားမပြောခဲ့ပါဘူး။ ဒါက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်" လို့ ဆိုပါတယ်။

ပိုချက်တီနိုက မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် လာမယ့်နိုဝင်ဘာ ၂၂ ရက်၊ အန်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ပွဲဦးထွက်ရင်ဆိုင်သွားရပါမယ်။