ခဗာရက်စ်ခီလီယာရဲ့ ဒဏ်ရာပြဿနာဆိုးရွားမှုကြောင့် ချဲလ်ဆီးကြယ်ပွင့်ကို မျက်စိကျလာတဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီက ဒဏ်ရာရရှိသွားတဲ့ ခဗာရက်စ်ခီလီယာရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် ချဲလ်ဆီးတောင်ပံကစားသမားအက်စ်တီဗာအိုကို အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ်ခဗာရက်စ်ခီလီယာက ဘာစီလိုနာကို ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာ ဆိုးဆိုးရွားရွားရရှိခဲ့လို့ လက်ကျန်ဘောလုံးရာသီတစ်ခုလုံးကို လွဲချော်သွားပါတော့မယ်။
လိုင်ယွန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ တနင်္လာနေ့လီဂူးဝမ်းပွဲစဉ်မှာ နည်းပြလူးဝစ်အင်းနရစ်က လူငယ်ကစားသမားတွေဖြစ်တဲ့ မာယူလူနဲ့ မီကာဂေါ့ဒ်တို့ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး လူငယ်လေးတွေကိုယ်တိုင် ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ လူးဝစ်အင်းနရစ်ကတော့ တိုက်စစ်စွမ်းအားကို အခုထက်ပိုပြီး ဖြည့်တည်းချင်နေပါတယ်။
Foot01 သတင်းဌာနရဲ့ဖော်ပြချက်အရ အင်းနရစ်က ဂျော်ဂျီယာကစားသမားရဲ့နေရာမှာ အစားထိုးအင်အားဖြည့်တင်းဖို့အတွက် ချဲလ်ဆီးရဲ့အက်စ်တီဗာအိုကို အငှားဖြင့်ခေါ်ယူဖို့ အလွန်စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အက်စ်တီဗာအိုက အခုဘောလုံးရာသီ၊ အလွန်ဆိုလက်အောက်မှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာဆိုရင် တစ်ကြိမ်တစ်ခါမှ ပွဲထွက်ခွင့် မရရှိသေးပါဘူး။
ဒါပေမဲ့လည်း အသက် ၁၉ နှစ်အရွယ်ကစားသမားလေးကို လက်လွှတ်ဖို့ ချဲလ်ဆီးမှာ လုံး၀ဆန္ဒမရှိသလို ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူစာရင်းမှာ ပါဝင်နေတယ်လို့လည်း ဆက်လက်ယုံကြည်ထားပါတယ်။