The network connection is lost.

Banner Image

တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ကိုဗင်ထရီအသင်းရဲ့တိုးတက်လာမှုကို လမ်းပတ် ချီးကျူး

ကိုဗင်ထရီစီးတီးနည်းပြဖရန့်လမ်းပတ်က တော့တင်ဟမ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ သူ့အသင်းရဲ့ရလဒ်ပိုင်းအပေါ် စိတ်ပျက်နေပြီး သူ့တို့အသင်းရဲ့ခြေစွမ်းပိုင်းကို မဖော်ပြပေးနိုင်တဲ့ ရလဒ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

အမှတ်မရဘဲ လက်ဗလာနဲ့ ပြန်လာခဲ့ရပေမဲ့ သူ့ရဲ့ကစားသမားတွေက ကြံ့ကြံ့ခံနိုင်စွမ်း၊ စိတ်ပိုင်းဖြတ်မှုနဲ့ တိုက်စစ်ဆင်လိုတဲ့ ဆန္ဒပြင်းပြမှုတွေကို ပြသနိုင်ခဲ့တယ်လို့ အင်္ဂလန်ဂန္ထဝင်က ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် လမ်းပတ်က " တစ်မှတ်မှမရဘဲ လက်ဗလာနဲ့ပြန်လာရလို့ ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးချိန်မှာ အခုလိုပြောဖို့ဆိုတာ ခက်ခဲပေမဲ့ ကျွန်တော်တို့ရဲ့ကစားပုံ တကယ်ကိုကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်" 

"တတိယဂိုးကတော့ အမှားအယွင်းတစ်ခုဖြစ်ပြီး ပွဲရဲ့အသွင်အပြင်ကို ပျက်ပြားသွားစေခဲ့ပါတယ်။ ကစားသမားတွေက ယုံကြည်မှုကို ပြသနိုင်ခဲ့ပြီး ကျွန်တော်တို့တွေ ပွဲပြီးချိန်အထိ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

ချန်ပီယံရှစ်မှ တန်းတက်လာခဲ့ပြီးနောက် သူ့ရဲ့အသင်းပြသထားတဲ့ တိုးတက်မှုတွေကိုလည်း လမ်းပတ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ကျွန်တော်တို့ ချန်ပီယံရှစ်မှ တက်လှမ်းလာခဲ့ရတဲ့ အခြေအနေကို ထည့်တွက်ကြည့်မယ်ဆိုရင် ဒီအစောပိုင်းပွဲစဉ်တွေမှာ ကျွန်တော်တို့တွေ တိုးတက်လာခဲ့ပါတယ်"

"ကျွန်တော်တို့မှာ ချန်ပီယံရှစ်ကစားသမားဟောင်း ပွဲထွက်ကစားသမား ၈ ဦးနဲ့အတူ အင်အားအပြည့်ပါဝင်လာတဲ့ အသင်းကြီးတစ်ခုကို ယှဉ်ပြိုင်ခဲ့ရပါတယ်" 

"ပွဲပြီးဆုံးတဲ့အထိ သူတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပုံစံမှာ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နောက်ဆုံးသွင်းဂိုးက ခံစားချက်ကို ပြောင်းလဲသွားစေပေမဲ့ ကျွန်တော်တို့ကစားခဲ့တဲ့ ခြေစွမ်းပိုင်းအရတော့ ဒါက ကောင်းမွန်တဲ့ပြယုဂ်တစ်ခု ဖြစ်သင့်ပါတယ်" လို့ ဆိုပါတယ်။