The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်မီ အီဆက်၊ ဆိုဘိုစလိုင်းနှင့် ဂက်ပိုတို့ရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အီရာအိုလာ

လီဗာပူးနည်းပြ အန်ဒိုနီအီရာအိုလာက စနေည ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ  အလက်ဇန္ဒားအီဆက်၊ ဒိုမီနစ်ဆိုဘိုစလိုင်း၊ ကိုဒီဂတ်ပိုတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို အသိပေး ပြောကြားလာပါတယ်။

ဗုဒ္ဓဟူးနေ့က ဩစတြီးယားနိုင်ငံမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးက LASK အသင်းကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အီဆက်က ပေါင်ကြွက်သားပြဿနာကြောင့် အဆိုပါပွဲကို လွဲချော်ခဲ့ရသလို ဆိုဘိုစလိုင်းက ပေါင်တံကြောဒဏ်ရာနဲ့ ဂတ်ပိုက ခြေကျင်းဝတ်ဒဏ်ရာတို့ကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ကစားသမား ၃ ဦးစလုံး ပြန်လည်ပါဝင်လာနိုင်မလားဆိုတာ မသေချာသေးပေမဲ့ ဖြစ်နိုင်ခြေတော့ ရှိနေသေးတယ်လို့ နည်းပြ အီရာအိုလာက ဆိုပါတယ်။

အီရာအိုလာက"အခုလောလောဆယ် အတိအကျပြောဖို့တော့ စောပါသေးတယ်၊ မနက်ဖြန် လေ့ကျင့်ရေးအစီအစဉ် ကျန်ပါသေးတယ်။ မနေ့ညကပွဲအတွက်တော့ သူတို့ အဆင်သင့် မဖြစ်ခဲ့ကြတာ သိသာပါတယ်။

ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ အခုချိန်မှာ အရမ်းစောသေးတယ်လို့ ထင်ပေမဲ့ ပြီးခဲ့တဲ့ပွဲတွေတုန်းက သူတို့ မကစားနိုင်ဘူးလို့ ကျွန်တော် ပြောခဲ့သလိုမျိုး မဟုတ်ဘဲ အခုတစ်ကြိမ်မှာတော့ လမ်းဖွင့်ပေးထားပါတယ်" လို့ ပြောပါတယ်။