မန်ချက်စတာယူနိုက်တက်ဆိုတာ ပြိုင်ဘက်အပေါ် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားပါတယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ ဆီမြွန်နီ
၂၀၂၆-၂၀၂၇ ဘောလုံးရာသီအစမှာ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း ဆိုးရွားနေပေမဲ့ မန်ချက်စတယူနိုက်တက်ဆိုတာ ကြီးမားတဲ့ခြမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပဲလို့ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက အခိုင်အမာပြောကြားခဲ့ပါတယ်။
သရဲနီတွေက အခုဘောလုံးရာသီသစ်စတင်ချိန်၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ခြောက်ခုမှာ ခြောက်မှတ်သာ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားအဆင့်-၁၃ နေရာမှာ ရပ်တည်နေပါတယ်။
ဒါက နှစ် ၄၀ အတွင်း ကလပ်အသင်းအတွက် အဆိုးရွားဆုံး လိဂ်ရာသီသစ်စတင်မှု ဖြစ်ပြီး ချန်ပီယံလိဂ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး လပိုင်းအကြာမှာတင် မိုက်ကယ်ကာရစ်အတွက် ကြီးမားတဲ့ဖိအားတွေ ပေါ်ပေါက်လာပါတယ်။
ယူနိုက်တက်က ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ မျက်နှာသစ်ဆာဘားကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီည၊ မက်ဒရစ်မြို့တော်မှာတော့ အက်သလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်သွားရပါမယ်။
အခြားတဖက်မှာလည်း အက်သလက်တီကိုမက်ဒရစ်က အုပ်စုအဖွင့်ပွဲစဉ်မှာ လီဗာပူးကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားလို့ အခုဘောလုံးရာသီအတွက် ပထမဆုံးဥရောပအဆင့်နိုင်ပွဲ ရှာဖွေဖို့ လိုအပ်နေပါတယ်။
ပွဲစဉ်မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဆီမြွန်နီက ယူနိုက်တက်အတွက် ဆိုးရွားတဲ့ဘောလုံးရာသီသစ်စတင်မှု ဖြစ်နေပေမဲ့ ဒီပြိုင်ဘက်ဆိုတာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဆဲပဲလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဆီမြွန်နီက "ကျွန်တော်တို့က ကိုယ့်ဘက်ခြမ်းမှာ အပြင်းအထန်ဖိအားပေးကစားတတ်တဲ့၊ အလျင်အမြန်ပိတ်ဆို့ဟန့်တားတတ်ပြီး မြန်နှုန်းမြင့်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်သွားရပါတော့မယ်" လို့ ပြောပါတယ်။
"သရေပွဲစဉ်အများအပြားပါဝင်နေတဲ့ လတ်တလောရလဒ်ပိုင်းတွေ ရှိနေပေမဲ့လည်း ပြီးခဲ့တဲ့နှစ်လိုမျိုး အန္တရာယ်ရှိတဲ့ အခိုက်အတန့်တွေကို သူတို့တွေ ဆက်လက်ဖန်တီးနေဆဲပါပဲ။ သူတို့က အင်အားတောင့်တင်းတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။