တစ်ယောက်လျော့ တော့တင်ဟမ်ကို အနိုင်မယူနိုင်ဘဲ သရေတစ်မှတ်သာရခဲ့တဲ့ ယူနိုက်တက်
ယူနိုက်တက် ၁ - ၁ တော့တင်ဟမ် (ပွဲပြီးရလဒ်)
ယူနိုက်တက်အသင်းက ယနေ့ညပွဲစဉ်အတွင်း ပွဲစကတည်းက တော့တင်ဟမ်ရဲ့ဖိအားပေးခြင်းကိုသာခံခဲ့ရပြီး ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ကစားအားတက်လာပြီး အမ်ဘွေမိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဘန်တန်ကာ အထုတ်ခံရတာကြောင့် တစ်ယောက်အသာနဲ့ ကစားနိုင်ခဲ့ပေမဲ့ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ သရေကျခဲ့ပြန်ပါတယ်။
ဘန်တန်ကာ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း ဘယ်အသင်းက တစ်ယောက်အသာနဲ့ကစားနေမှန်း မသိတော့လောက်အောင် ယူနိုက်တက်ရဲ့ခြေစွမ်းက ဆိုးရွားနေခဲ့ပြီး တော့တင်ဟမ်ကတောင် နိုင်ပွဲနဲ့ပိုနီးစပ်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။