The network connection is lost.

Banner Image

ဖီမီအာဇီးရဲ့ ပွဲဦးထွက်နှောင့်နှေးရခြင်းအကြောင်းရင်းကို ရှင်းပြလာတဲ့ ဘရိုက်တန်နည်းပြ ဟာဇလာ

ဘရိုက်တန်နည်းပြဟာဇလာက နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားဖီမီအာဇီးအတွက် ပွဲဦးထွက်ကစားခွင့်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ်တောင်ပံကစားသမားက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချန်ပီယံရှစ်ကလပ် မီလ်ဝေါမှ ဘရိုက်တန်ဆီ ရောက်ရှိလာခဲ့ပေမဲ့ အခုရာသီအစောပိုင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာမှ ပြန်လည်နာလန်ထူဖို့ ကြိုးစားနေရပါတယ်။

ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိစေဖို့ ကြိုးပမ်းနေချိန် အာဇီးက နိုင်ငံတကာသီတင်းပတ်အတွင်း ကွင်းပိတ်ခြေစမ်းပွဲတစ်ခုမှာ ပါဝင်ကစားခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရမယ့် စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဟာဇလာက ဘရိုက်တန်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်နဲ့ ကစားကွက်ပြင်းထန်မှုနှုန်းတွေကို အသားကျလာစေဖို့ အာဇီးအတွက် အချိန်လိုအပ်နေသေးတယ်လို့ ရှင်းပြခဲ့ပါတယ်။

"အာဇီးတော့ ခြေစမ်းပွဲတစ်ပွဲ ကစားခဲ့ပြီး အခုသီတင်းပတ်ထဲမှာ အသေးစားပြဿနာလေးတွေ နည်းနည်းရှိခဲ့ပါတယ်" လို့ ဟူဇယ်လာက The Argus ကို ပြောပါတယ်။

"ကျွန်တော်ဆိုလိုတာက သူ့ရဲ့ခန္ဓာကိုယ်က ကျွန်တော်တို့ရဲ့ပြင်းထန်မှုနှုန်းတွေ၊ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေနဲ့ ပရီးမီးယားလိဂ်ရဲ့တောင်းဆိုချက်တွေအပေါ် လိုက်လျောညီထွေ ဖြစ်အောင် ညှိယူဖို့ လိုအပ်နေတာပါ"

"အခုအချိန်မှာ သူက အသားကျအောင် ညှိယူရတဲ့ အဆင့်မှာ ရောက်နေတယ်လို့ သူကိုယ်တိုင် ခံစားနေရတယ် ထင်ပါတယ်"

"ဒါက ဒဏ်ရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အသေးအမွှားပြဿနာလေးတွေ ရှိနေသလို သူက အတော်လေးထိလွယ်ရှလွယ်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်"

"သူ့အတွက် ဘယ်အရာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို အခု ကျွန်တော်တို့ သေချာ သဘောပေါက်နားလည်ဖို့ လိုပါတယ်။ မနက်ဖြန်ပွဲစဉ်မှာကစားတာ သင့်တော်မလား၊ နောက်ထပ်ပွဲစဉ်မှာ ကစားတာ သင့်တော်မလား ဆိုတာပေါ့"

"ဒါက ကျွန်တော်တို့ အတူတကွ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုပါပဲ" လို့ ဆိုပါတယ်။