အီတလီရဲ့အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတဲ့ ဆကာမက်ကာ
အီတလီလက်ရွေးစင်အသင်းရဲ့ အရေးကြီးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ဒဏ်ရာအခြေအနေတစ်ခုကြောင့် အတ္တလန္တာတိုက်စစ်မှူးဆကာမက်ကာ ပါဝင်ကစားပေးဖို့ မသေချာသေးပါဘူး။
ကြွက်သားဒဏ်ရာပြဿနာအချို့နဲ့ ရင်ဆိုင်နေရတဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားကို ဂတ်တူဆိုက လက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။
TMW ရဲ့ အဆိုအရ ဆကာမက်ကာက အခုနွေရာသီ၊ အဓိကပြိုင်ပွဲကြီးအတွက် သူ့ရဲ့နိုင်ငံကို အရည်အချင်းပြည့်မီစေဖို့ ကူညီပေးရန် စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဆေးဝန်ထမ်းတွေကတော့ နောက်ဆုံးစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်လို့ တိုက်စစ်မှူးကိုယ်တိုင်လည်း မြောက်အိုင်ယာလန်နဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
အီတလီက မြောက်အိုင်ယာလန်ကို အနိုင်ရမယ်ဆိုရင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား (သို့မဟုတ်) ဝေးလ်နဲ့ ထပ်မံရင်ဆိုင်သွားရပါမယ်။