The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကြောင့် အေစီမီလန်မှ ထွက်ခွာလာနိုင်တဲ့ လော့ဖ်တပ်ချိ

အေစီမီလန်ကွင်းလယ်လူလော့ဖ်တပ်ချိက စီးရီးအေကလပ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေလို့ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဒီအင်္ဂလန်ကစားသမားက နည်းပြအာမိုရင်လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေပြီး နည်းပြကိုယ်တိုင်လည်း သူ့ရဲ့ကစားကွက်စနစ်အတွင်း ကောင်းမွန်စွာကစားနိုင်တဲ့ လော့ဖ်တပ်ချိရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု ပြသထားပါတယ်။

ဒါပေမဲ့လည်း လော့ဖ်တပ်ချိရဲ့စာချုပ်က ၂၀၂၇ ခုနှစ်၊ နွေရာသီမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေလို့ သူ့ရဲ့ရေရှည်အနာဂတ် မရေမရာဖြစ်နေတယ်လို့ Tuttomercatoweb မှာ ဖော်ပြထားပါတယ်။

စာချုပ်သစ်ချုပ်ဆိုရေးအတွက် ကွင်းလယ်လူရဲ့ ကိုယ်စားလှယ်တွေနဲ့ ကနဦးဆွေးနွေးမှုတွေကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတည်းက ပြုလုပ်ခဲ့ပေမဲ့ တိုးတက်မှု သိပ်မရှိသေးလို့ နောက်ပိုင်းဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားကတော့ အသက် ၃၀ နှစ်အရွယ်ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေကြပြီး အင်္ဂလန်ဆီ ပြန်လည်ခေါ်ယူသွားဖို့ ပြင်ဆင်လာနိုင်ပါတယ်။

အကယ်၍ လော့ဖ်တပ်ချိသာ အာမိုရင်လက်အောက်မှာ အဓိကကစားသမားတစ်ဦးအဖြစ် အခိုင်အမာနေရာရယူနိုင်မယ်ဆိုရင် မီလန်ဘက်က သူတို့ရဲ့သဘောထားကို ပြန်လည် စဉ်းစားလာနိုင်ပြီး စာချုပ်သက်တမ်းနောက်ဆုံးကာလမရောက်ခင် ကစားသမားရဲ့လုပ်ခလစာတောင်းဆိုမှုတွေကို ညှိနှိုင်းဖြည့်ဆည်းပေးနိုင်မယ့် သဘောတူညီမှု ရရှိအောင် ကြိုးပမ်းလာနိုင်ပါတယ်။