တူချယ်အတွက် အင်္ဂလန်နည်းပြရာထူးနေရာမှာ ဆက်ရှိနေတာ အရမ်းကံကောင်းလွန်းတယ်လို့ ဒန်နီမာဖီ ပြောဆို
အင်္ဂလန်ကွင်းလယ်လူဟောင်းဒန်နီမာဖီက နည်းပြသောမတ်စ်တူချယ်အတွက် အခုအချိန်အထိ ရာထူးမှာဆက်ရှိနေခြင်းကို ကံကောင်းလွန်းတဲ့အချက်ဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
အမေရိကန်မြေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း တတိယနေရာရရှိခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်နောက်ပိုင်း နိုင်ငံ့အတွက် အကောင်းဆုံးစွမ်းဆောင်ရည် ဖြစ်ခဲ့ပေမဲ့ အာဂျင်တီနားနဲ့ပွဲစဉ်မှာတော့ တူချယ်ရဲ့အသင်းက လုံလောက်တဲ့ခြေစွမ်းမျိုး မပြသနိုင်ဘဲ ပြိုလဲသွားခဲ့ပါတယ်။
တတိယနေရာလုပွဲမှာ ပြင်သစ်ကို ၆-၄ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် တူချယ်က အသင်းရဲ့ စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာနဲ့ စိတ်ဓါတ်ပိုင်းခွန်အားတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကိုယ်တိုင်လည်း အာဂျင်တီးနားနဲ့ရင်ဆိုင်ရချိန်မှာ လိုအပ်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
တတိယနေရာလုပွဲမှာ ပြင်သစ်ကို ၆-၄ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် တူချယ်လ်က အသင်းရဲ့ "စိတ်နှလုံး၊ စရိုက်လက္ခဏာနဲ့ စိတ်ဓာတ်ခွန်အား" ကို ချီးကျူးခဲ့ပြီး ဒါဟာ အာဂျင်တီးနားနဲ့ပွဲမှာ လိုအပ်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးဖြစ်တယ်လို့ လူအများက ယုံကြည်နေကြပါတယ်။
အခုတော့ မာဖီက ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့လွဲချော်ပြီးနောက် ဂျာမန်လူမျိုးနည်းပြအတွက် ရာထူးနေရာမှာ ဆက်ရှိနေခြင်းကို ဘယ်လောက်အထိကံကောင်းတဲ့အချက် ဖြစ်သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။
မာဖီက "ဒီပွဲစဉ်တွေကို အရေးကြီးတယ်လို့ ထင်ပါတယ်။ တူချယ်ကိုယ်တိုင်လည်း ပရိသတ်တွေရဲ့မေးခွန်းထုတ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာကြောင့် သူပြောခဲ့တဲ့စကားတွေနဲ့ ဆန့်ကျင်ဘက်ကို လုပ်ခဲ့တာလဲ၊ ဘာကြောင့် အလွန်အကျွံခံစစ်အသားပေးကစားခဲ့တာလဲ၊ တိုက်စစ်မှူးတွေကို လူစားလဲပြီး ခံစစ်ကစားခိုင်းတာလဲ၊ ချေပဂိုးပေးလိုက်ရပြီးနောက်မှာတောင် တိုက်စစ်ပြန်မစဘဲ အဲ့ဒီလိုခံစစ်ပိတ်ကစားခဲ့တာလဲ စတာတွေပေါ့" လို့ ပြောပါတယ်။
" ထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန်မှာ စွမ်းဆောင်ရည်ပိုင်းဆိုတာ အမြဲတမ်းလိုလို စံသတ်မှတ်ချက် ဖြစ်ပါတယ်။ စပိန်နဲ့မကစားရဘဲ အန်ဒိုရာနဲ့ ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့ အနိုင်ရရှိမယ်ဆိုတာ ကြိုသိနေလို့ ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ စပိန်နဲ့ပွဲစဉ်ကတော့ ထိပ်သီးအသင်းတွေအချင်းချင်း ယှဉ်ပြိုင်ကစားတာဖြစ်လို့ ကျွန်တော်တို့ ဘယ်လိုကစားကွက်ခင်းကျင်းမလဲဆိုတာ ပရိသတ်တွေအတွက် ညွှန်းကိန်းတစ်ခု ဖြစ်လာပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ကတော့ သူ့ကို ဆက်လက်ယုံကြည်ထားတာကြောင့် ဒါက သူတို့အတွက် သိပ်အရေးမကြီးတဲ့ ပုံစံပါပဲ။
ကျွန်တော်တို့ ယူရိုပြိုင်ပွဲဝင်ခွင့်ရမယ်ဆိုတာ သေချာနေတော့ သူ့ရဲ့ နည်းပြသက်တမ်းအတွက် ခြေစစ်ပွဲကိစ္စဆိုတာ အရေးပါပါ့မလား။ လက်တွေ့မှာတော့ သူက စပိန်နဲ့ ခရိုအေးရှားတို့ကို ရှုံးနိမ့်မယ်ဆိုရင်တောင် ရာထူးမှထုတ်ပယ်ခံရဖို့ မရှိပါဘူး။
တူချယ်အတွက် ရာထူးနေရာစိုးရိမ်စရာမရှိလို့ ဒီရှုထောင့်မှကြည့်မယ်ဆိုရင် အရေးမကြီးပါဘူး။ ဒါပေမဲ့ အင်္ဂလန်ပရိသတ်တစ်ဦးအတွက်တော့ အသင်းရဲ့တုံ့ပြန်မှုနဲ့ ကတိပေးထားတဲ့ပုံစံအတိုင်း ကစားတယ်ဆိုတာကို မြင်တွေ့ချင်ပါတယ်။ ပြိုင်ပွဲမှ ကျွန်တော်တို့တွေ စိတ်ပျက်အားလျော့စွာ ထွက်ခွာလာရတာဖြစ်လို့ အခုအချိန်အထိ တူချယ် ရာထူးမှာမြဲနေသေးတာ တကယ့်ကို ကံကောင်းလွန်းပါတယ်"လို့ မာဖီက ဆက်ပြောခဲ့ပါတယ်။
နွေရာသီပြိုင်ပွဲအပြီး တူချယ်က အင်္ဂလန်ပရိသတ်တွေဆီ ဆက်လက်ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အခုတော့ သူ့အသင်းက ဝင်ဘာလေကွင်းမှာ ကမ္ဘာ့ဖလားချန်ပီယံစပိန်ကို ဧည့်ခံရဖို့ရှိနေပြီး နောက်သုံးရက်အကြာမှာတော့ ချက်သမ္မတနိုင်ငံဆီ ခရီးဆက်ရပါလိမ့်မယ်။