The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် နယ်သာလန်လက်ရွေးစင်လူစာရင်းမှ နုတ်ထွက်သွားတဲ့ ဘုန်းမောက်ကြယ်ပွင့်ကလွိုက်ဗက်

ဘုန်းမောက်ကွင်းလယ်ကစားသမားဂျပ်စတင်ကလွိုက်ဗက်က ဆိုစီဒက်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် လာမယ့်နိုင်ငံတကာသီတင်းပတ်ပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။

အာနိုအီတာကွင်းမှာ ဘုန်းမောက်အသင်းသမိုင်းတလျှောက် ပထမဆုံးဥရောပအဆင့်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ကလွိုက်ဗက်မှာ ဒဏ်ရာပြဿနာ ပေါ်ပေါက်လာခဲ့တယ်လို့ နည်းပြမာကိုရို့စ်က တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
"ကလွိုက်ဗက် ဒဏ်ရာရသွားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို သီတင်းပတ်အနည်းငယ်ကြာ ဆုံးရှုံးရပါလိမ့်မယ်။ အခြေအနေ အရမ်းမဆိုးရွားပေမဲ့ သက်သာလာဖို့အတွက် အချိန်ယူရပါလိမ့်မယ်" လို့ ရို့စ်က ပြောပါတယ်။
 
ဒီဒဏ်ရာကြောင့် နည်းပြဇာဗီရဲ့ နယ်သာလန်လက်ရွေးစင်အသင်းနည်းပြဘ၀ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ စက်တင်ဘာ ၂၄ ရက်၊ ဂျာမနီနဲ့ ရင်ဆိုင်ရမယ့်နေးရှင်းလိဂ်ပွဲစဉ်ကို ကလွိုက်ဗက် လွဲချော်သွားရပါတော့မယ်။
 
ကလိုင်ဗတ်က ပြီးခဲ့တဲ့နွေရာသီ၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ဒူးဒဏ်ရာကြောင့် ပွဲကစားချိန် ၂၂ မိနစ်သာ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထုတ်ပြန်လာတဲ့ နည်းပြဇာဗီရဲ့ပထမဆုံးနယ်သာလန်လက်ရွေးစင်လူစာရင်းမှာ ဒီဘုန်းမောက်ကြယ်ပွင့်လည်း ပါဝင်လာပါတယ်။