တော့တင်ဟမ်အတွက် ဖိအားတွေ ပိုမိုများပြားစေခဲ့တဲ့ လီဗာပူးရဲ့စွမ်းဆောင်ရည်ကို အီရာအိုလာ ချီးကျူး
လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက တော့တင်ဟမ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပြသခဲ့တဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို အပြည့်အ၀ချီးကျူးခဲ့ပါတယ်။
အန်ဖီးလ်ကွင်းမှာ လီဗာပူးကို ထပ်မံရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်ရဲ့အလွန်ဆိုးရွားနေတဲ့ ရာသီသစ်စတင်မှု ဆက်လက်တည်ရှိနေခဲ့ပါတယ်။ ဒီပွဲစဉ်မှာ လီဗာပူးအတွက် အနိုင်ဂိုးတွေကို မက်အယ်လစ္စတာ၊ ဂတ်ပိုနဲ့ ဆိုဘိုဆလိုင်းတို့က သွင်းယူခဲ့ကြပါတယ်။
ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ လီဗာပူးအသင်း တက်ရောက်သွားပြီးနောက် နည်းပြအီရာအိုလာလည်း သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို အလွန်ကျေနပ်အားရလျက် ရှိနေပါတယ်။
ပွဲစဉ်အပြီး BBC Radio 5 Live နဲ့ တွေ့ဆုံစဉ်မှာ လီဗာပူးနည်းပြက နိုင်ပွဲရရှိခဲ့တဲ့ စွမ်းဆောင်ရည်တစ်လျောက် သူ့အသင်း စိုက်ထုတ်ခဲ့တဲ့ စွမ်းအင်တွေကို ချီးကျူးပြောကြားခဲ့ပါတယ်။
အီရာအိုလာက "ကစားပုံစွမ်းဆောင်ရည်အပေါ် ကျွန်တော် ကျေနပ်ပါတယ်။ ပွဲအတွင်း မတူညီတဲ့အခြေအနေတွေ ရှိခဲ့ပေမဲ့ ခြုံငုံကြည့်ရင် ကစားအားကို ကျွန်တော် သဘောကျမိပါတယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်ခဲ့ပေမဲ့ အဓိကကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်"
"၂-၀ ဂိုးဖြစ်သွားချိန်မှာ ပြိုင်ဘက်က စွန့်စားမှုတွေ ပြုလုပ်ပြီး အချို့နယ်ပယ်တွေမှာ စွန့်စားပြီး အနိုင်ယူလာခဲ့ပါတယ်။ ကျွန်တော်တို့လည်း ကောင်းကောင်းကာကွယ်နိုင်ခဲ့ပေမဲ့ အလွတ်တည်ကန်ဘောတွေ အများကြီး ခွင့်ပြုပေးခဲ့ရပါတယ်။ သူတို့ ချေပဂိုးသွင်းယူပြီးချိန်မှာ ကျွန်တော်တို့တွေ ဖိအားတော့ အနည်းငယ်ဝင်သွားခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ပွဲစဉ်ကို တတိယဂိုးသွင်းယူကာ အကောင်းမွန်ဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ဆိုဘိုဆလိုင်းရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး အီရာအိုလာက "ဆိုဘိုဆလိုင်းနဲ့ပတ်သက်လို့ ပြောရရင် သူရဲ့ကန်ချက်တစ်ခုစတင်လိုက်တိုင်း ဂိုးရနိုင်မယ့် အခွင့်အရေး ရှိနေတာပါပဲ။ အတိတ်မှာလည်း ဒီလိုဂိုးမျိုး သူသွင်းယူဖူးလို့ သူ့အပေါ် ယုံကြည်မှု ရှိနေပါတယ်။ သူက တကယ့်ကိုအဆုံးသတ်သေချာတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရော်ဘတ်ဆန်နဲ့ပတ်သက်လို့လည်း အီရာအိုလာက "သူ့မှာ ဒီလိုကြိုဆိုမှုတွေနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်လည်း ဝမ်းသာမိပါတယ်။ ရိုးရိုးသားသားပြောရရင် သူက လီဗာပူးအတွက် အများကြီးပေးဆပ်ခဲ့လို့ အခုလိုကြိုဆိုမှုတွေနဲ့ အလွန်ထိုက်တန်ပါတယ်" လို့ ဆိုပါတယ်။